Advertisements

ဘားအံ အောက်တိုဘာ

ဇွဲကပင်တောင်ရင်ပြင်တော်ကို တောင်ဖက်သို့ ၁၅ပေ အကျယ်အထိ လာမည့်နှစ် မတ်လမတိုင်မီအပြီး တိုးချဲ့သွားမည်ဖြစ်ကြောင်း အဆိုပါတောင် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ စောသာမြတ်အောင်က ဆိုသည်။

ယင်းအတွက် ခန့်မှန်းကုန်ကျ စရိတ် ကျပ် သိန်း ၈၀၀ ကျော်အထိ သုံးစွဲမည်ဟု ၎င်းက အောက်တိုဘာလ ၅ရက်တွင် ဟင်္သာမီဒီယာကို ပြောသည်။

“အရင်ပြီးခဲ့တဲ့ နှစ်တွေက ဆီမီးလှူတိုင် ကျပ်ကျပ်တည်းတည်းနဲ့ အလှူလုပ်ရတယ် ။တချို့ဆို လှေကားတွေမှာနေပြီး ဘုရားဖူးရတယ်”ဟု ဆိုသည်။

ပြီးခဲ့သော သြဂုတ်လမှ စတင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဇွဲကပင်တောင် ရင်ပြင်တော်အား လာမည့် မတ်လ တပေါင်းလမတိုင်မီ ဆီမီးပူဇော်ပွဲအမီ အပြီးသပ် လုပ်သွားမည်ဖြစ်ကြောင်း စောသာမြတ်အောင်က ပြောသည်။

” ခု တိုးချဲ့မယ့် ရင်ပြင်တော်နဲ့ ပတ်သက်ပြီး ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ အားလုံးအတွက် အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေး လုပ်နေတာပါ”ဟု ရင်ပြင် တိုးချဲ့ရေး တာဝန်ခံ စောလှငွေက ပြောသည်။

ဇွဲကပင်တောင်တွင် လတ်တလော လုပ်ဆောင်နေသည့် စီမံကိန်းများမှာ လျှပ်စစ်ကေဘယ်ကြိုးကား၊ တောင်တက်ပတ်လမ်းနှင့် ယခု စီမံကိန်းတို့ ဖြစ်သည်။

စောအယ်လ်ဒီး

Advertisements
<

Leave a Reply