Advertisements

မော်လမြိုင်၊ မေ

ခရီးသည်များနှင့် ကားရပ်နားမှု အဆင်ပြေရန်အတွက် ဈေးကြိုးကာဝင်းကို မုပွန်ရပ်ကွက်ရှိ ကျောက်မီးသွေးရုံသို့ လာမည့်နှစ်အတွင်း ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေး နှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ထို့သို့ ပြောင်းရွှေ့တည်ဆောက်ရန် ကျောက်မီးသွေရုံရှိ မြန်မာ့မီးရထားပိုင် မြေ ဧက ၃၇ ဧကို ပြည်ထောင်စုမှ စွန့်လွှတ်ရန် သဘောတူညီမှု ရရှိထားပြီသည့်အတွက်ကြောင့် လုပ်ထုံလုပ်နည်းများနှင့် အညီ စွန့်လွှတ်ပြီးပါက စီမံကိန်း စတင်သွားမည်ဟု ၎င်းက ပြောသည်။

အဆိုပါ မြေနေရာတွင် ကားဝင်အပါအဝင် အခြား မြို့ပြဖွံ့ဖြိုးရေး အဆောက်အဦးများလည်း တည်ဆောက်သွားရန် စီစဉ်ထားကြောင်း ၎င်းက ပြောဆိုသည်၊

“ကားဝင်အပြင် မြို့ပြဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ အဆောက်အဦးတွေအတွက် ဒီဇိုင်းဆွဲတဲ့လုပ်ငန်းတွေ တင်ဒါခေါ်တာတွေကို ဒီနှစ်ထဲမှာ လုပ်ဆောင်သွားဖို့ ရှိတယ်” ဟု ဦးထွန်းဌေးက ဆိုသည်။

ဈေးကြိုးကာဝင်သည် ယာဉ်ရပ်နားရန် နေရာမလုံလောက်မှုများရှိနေပြီး လမ်းပေါ်တွင် ရပ်နားထားသည့် ယာဉ်များကြောင့်လည်း ယာဉ်ပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း ဈေးကြိုကားဝင်းအနီး နေထိုင်သည့် ဒေသခံများက ပြောဆိုသည်။

မော်လမြိုင် မြေနီကုန်း ကားဝင်၌ ယာဉ်ရပ်နားမှု အဆင်ပြေစေရန်အတွက် ယင်းကားဝင် အရှေ့ရှိ မီရထားပိုင်မြေနေရာကို ငှားရမ်းပြီး ယာယီ ယာဉ်ရပ်စခန်း တစ်ခု လုပ်ဆောင်သွားရန် ရှိနေကြောင်း ဝန်ကြီးက ပြောဆိုသည်။

Written by သက်ပိုင်

Advertisements
<

Leave a Reply