Advertisements

မော်လမြိုင်၊ မေ ၈

မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်ရှိ ရုပ်ထုအဝိုင်းကို ပြည်နယ်အစိုးရ၏ ၂၀၁၈- ၁၉ ခုနှစ်ဘတ်ဂျက် ကျပ်သန်း ၁၅၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒီအဝိုင်းဆောက်လုပ်ပြီးရင် ယာဉ်တွေ လွယ်လွယ်ကူကူနဲ့ ကွေ့ပြုလို့ရမယ်။ အခုလုပ်ရတဲ့ လမ်းငါးခွဆုံက သူ့အတိုင်းအတာနဲ့ စနစ်တကျဖောက်လုပ်ထားတာမဟုတ်တော့ တော်တော်လေးကို လုပ်ရကိုင်ရ ခက်တယ်။ အားလုံးအဆင်ပြေဖို့ လုပ်ဆောင်သွားမှာပါ” ဟု စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ပြောသည်။

အဆိုပါ အဝိုင်းဆောက်လုပ်မှုမှာ ပြည်နယ်အစိုးရဘတ်ဂျက် ကျပ်သန်း ၁၅၀ ဖြင့် လုံလောက်မှုမရှိသော်လည်း လာမည့် ၂၀၁၉- ၂၀ ခုနှစ် ဘတ်ဂျက်တွင် လိုအပ်မည့် ငွေအသုံးစရိတ်များကို ထပ်မံထည့်သွင်းလျားသွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဈေးကြိုရုပ်ထုအဝိုင်းမှာ နှစ်ပေါင်းကြာမြင့်လာမှုကြောင့် ပြိုကျပျက်စီးမှုနှင့် ထိခိုက်ရှုံးဆုံးများ မဖြစ်ပေါ်လာစေ ရန်အတွက် အချိန်မှီပြုပြင်တည်ဆောင်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ် မတ်လ ဒုတိယအကြိမ် မွန်ပြည်နယ လွှတ်တော် ပဉ္စမအကြိမ် ပုံမှန်အစည်းအဝေး၌ မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၉ ခုနှစ် မေလအစပိုင်း တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ခေတ်မင်း

Advertisements
<

Leave a Reply