လူအများအကြား ရေပန်းစားနေတဲ့ မော်လမြိုင်-ချောင်းဆုံ (သံလွင်တံတား) ဟာ မွန်ပြည်နယ်တွင်မက အခြား၊ တိုင်းနှင့် ပြည်နယ်တွင်ပါ စိတ်ဝင်းစားခဲ့သည် ဖြစ်ရပ်ဖြစ်လာခဲ့သည်။ သံလွင်မြစ်ခြားနေတဲ့ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်ကို ဆက်သွယ်သည့် ယင်းတံတား စတင်တည်ဆောက်စဉ်က တံတားတည်ဆောက်ပါက မြစ်ပြောင်းလဲမှုနှင့် ငါးသယံဇာတ ထိခိုက်မည်ကို ရှိလာနိုင်သည်ဟု သုံးသပ်ချက်များဖြင့် လက်ခံသည့်သူများနှင့် လက်မခံသည့်သူများ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကြပါတယ်။

ထိုသို့ အငြင်းပွားမှုများဖြင့် တံတားကြီး တည်ဆောက်မှု ပြီးစီးချိန်တွင်လည်း တံတားနာမည်ပေးခြင်းအပေါ် ယခင် တံတားအမည်နာမကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်နာမ ပြောင်းလဲသတ်မှတ်ရန် သတင်းများ ထွက်လာပြီးနောက် မွန်တိုင်းရင်းသားများက သဘောမတူ ကန့်ကွက်မှုများ ပြင်ထန်လာခဲ့ကြသည်။

ထိုဖြစ်စဉ်မှ တစ်စတစ်စဖြင့် ပြည်သူ့လွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်သတ်မှတ်ရန် အဆိုတင်သွင်းသည့်နေတွင် ချောင်းဆုံမြိုနယ်တွင် မွန်တိုင်းရင်းသား အများစုက ၎င်းတို့ရဲ့ သဘောဆန္ဒများကို ထုတ်ဖော်ခဲ့ကြပါတယ်။ ထိုနောက် ပြည်သူ့လွှတ်တော်တွင် ယင်းအဆိုအား ကိုယ်စားလှယ်အများစုက ထောက်ခံဆန္ဒ မဲများခြင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးရန် အတည်ပြုလိုက်ခဲ့ပါတယ်။

မြန်မာ့နိုင်ငံ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုချင်သော အနေနဲ့ မော်လမြိုင်-ချောင်းဆုံ တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် NLD အစိုးရအနေဖြင့် ဆန္ဒများ ရှိနေခဲ့သော်လည်း မွန်တိုင်းရင်းသားများကမှု ၎င်းတို့လူမျိုးကို ကိုယ်စားပြုသည့် အမည်နာမ ပေးချင်ကြသူများ ရှိသလို ဒေသကို ကိုယ်စားပြုသည့် အမည်နာမကို ပေးချင်သူများလည်းရှိနေသည်။

ညှိနှိုင်းဖြေရှင်းသည်ဆိုသည့် စကားရပ်တွင် နှစ်ဦးနှစ်ဖက်လုံးက မိမိဆန္ဒကို မဖြစ်မနေ လုပ်ဆောင်မည်ဆိုသည့် သဘောမျိုး မဟုတ်တော့ဘဲ၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှုများထားရှိပြီး အလျော့ပေး အဖြေရှာသည့် ဘောမျိုးလည်း သက်ရောက်ပါတယ်။

သို့ဖြစ်ပါသောကြောင့် မော်လမြိုင်နှင့် ချောင်းဆုံကို ဆက်သွယ်သည့် တံတားအမည်ပေးခြင်းကိစ္စအား မည်သို့ပင် ဆန္ဒများရှိနေကြစေကာ တိုင်းရင်းသားများနှင့် အစိုးရအကြား ညှင်သာသော နည်းလမ်းများဖြင့်သာ ညှိနှိုင်းဖြေရှာ ဖြေရှင်းသင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

အယ်ဒီတာ (၂၄-၃-၂၀၁၇)

Leave a Reply