ဒါရိုက်တာသားညီသည် 2018 ဇန်နဝါရီတွင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားရိုက်ကူးရန်ပြင်ဆင်လျက်၇ှိပြီး ဇာတ်လမ်းအနေအထားအရ ဌာနဆိုင်များနှင့်ပတ်သက်သော ဇာတ်ဝင်ခန်းများပါဝင်နေသောကြောင့် အမှားအယွင်းဖြစ်ပါက ပြသနာရှိနိုင်ကြောင်း ပြောပြခဲ့သည်။

” ကျွန်တော်ရိုက်မယ့်ကားက တစ်ခုခုမှားသွားရင် ပြသနာတက်သွားနိုင်တဲ့ကား။အဆဲအဆို ခံရနိုင်တဲ့ကားဆိုတော့ အများကြီးပြင်ဆင်ရတယ်။ ဒီကားမှာပါမယ့် မင်းသားနှစ်ယောက်ကိုလည်း ရွေးပြီးပါပြီ။ လက်၇ှိက ဇာတ်ကိုတော့တည်ဆောက်နေပြီ။ ဇာတ်ကိုဆင်ဆာတင်ပြီး ပြန်ကျတော့မှပဲ ပရီသတ်ကို ဇာတ်လမ်းပုံစံလေး အသိပေးပါမယ်။ ” ဟု သားညီကပြောသည်။

ဒါရိုက်တာသားညီရိုက်ကူးမည့်ဇာတ်ကားသည် ပြင်ဆင်ချိန်လေးလခန့်အချိန်ယူရမည်ဖြစ်ပြီး ပြည်ထဲရေး၊ ရဲဌာန စသည့် ကိစ္စရပ်များလည်း ပါဝင်မည်ဖြစ်သောကြောင့် သက်ဆိုင်ရာလူကြီးများနှင့်တွေ့ဆုံရမည်ဖြစ်ကြောင်း ဆက်ပြောသည်။

” ကျွန်တော်ရိုက်မယ့်ကားက ဌာနဆိုင်ရာတွေလည်း ပါနေတော့ လုပ်ထုံးလုပ်နည်းတွေကို မေးပြီးမှရိုက်ရမှာပါ။ ရိုက်ကူးရေးပိုင်းအတွက်လည်း Production ဒီဇိုင်နာကိုလည်း ခေါ်ပေးဖို့ထုတ်လုပ်သူကို တောင်းဆိုထားပါတယ်။ ဇာတ်လမ်းကကြီးကျယ်တော့ကုန်ကျစရိတ်တော့ တော်တော်များနိုင်တယ်။ မတွဲဖူးးသေးတဲ့မင်းသားလည်းဖြစ်တာမို့ ကျွန်တော့်အတွက်လည်း စိန်ခေါ်မှုတွေလည်းရှိလာနိုင်ပါတယ်။ ” ဟု သားညီကပြောသည်။

Written by Hinthar Media

Leave a Reply