Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၇ ။ ။ တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပနေစဉ်အတွင်း မီးလောင်မှု၊ မီးထိတ်လန့်မှု မဖြစ်ပွားစေရန် မီးသတ်တပ်ဖွဲ့များက စာစစ်ဌာနများကို အထူးကြပ်မတ် စစ်ဆေးပေးရမည်ဟု တိုင်းဒေသကြီးနှင့် ပြည်နယ်မီးသတ်ဦးစီးမှူးရုံးများကို ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်က ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း မော်လမြိုင် ခရိုင်မီးသတ်ဦးစီးမှူး ဦးရဲအောင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

မော်လမြိုင်မြို့နယ်တွင် စာစစ်ဌာနပြုလုပ်မည့် အမှတ် (၁) နှင့် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း နှစ်ကျောင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စစ်ဆေးမှုများခဲ့ပြီး ကျန်ရှိနေသော ကျောင်းများကိုလည်း ထပ်မံ စစ်ဆေးသွားမည်ဟု ၎င်းက ပြောဆိုသည်။

“စာသင်ကျောင်းတွေမှာ သွယ်တန်းထားတဲ့ လျှပ်စစ်ပစ္စည်းတွေ လျှပ်စစ်ကြိုးတွေ စနစ်တကျသွယ်တန်းမှု ရှိမရှိ ဆိုတာရယ်၊ ကျောင်းဓါတ်ခွဲခန်းတွေမှာ ထားရှိတဲ့ ဓာတုဗေဒပစ္စည်းတွေ စနစ်တကျ ထားရှိဖို့နဲ့ ကျောင်းဝန်း အတွင်း အလွယ်တကူ လောင်ကျွမ်းစေနိုင်တဲ့ အမှိုက်ပုံတွေ ရှင်းလင်းဖို့အတွက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

Advertisements
data-language="en"

firemanစာသင်ကျောင်းများ၏ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်များ၊ ရေပုံးများ၊ အရေးပေါ် မီးငြိမ်း သတ်ဆေးဗူးများ ထားရှိရန်နှင့် ဆွေးမြေ့ဟောင်းနွမ်းနေသော လျှပ်စစ်ပစ္စည်းများကို လဲလှယ်တပ်ဆင်ရန် အကြံပြုချက်များ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မော်လမြိုင်မြို့တွင် စာစစ်ဌာန (၄၈) ခု ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၉ ရက်နေ့တွင် စတင်မည်ဖြစ်၍ စားမေးပွဲကာလအတွင်း မီးထိတ်လန့်မှု၊
မီးလောင်မှု မဖြစ်ပွားစေရန် စာစစ်ဌာနတိုင်းတွင် မော်လမြိုင်ခရိုင် မီးသတ်တပ်ဖွဲ့ဝင်များအား အထူးကြပ်မတ် ဆောင်ရွက်သွားမည်ကြောင်း မော်လမြိုင်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

Written by – ဆေးသား

Leave a Reply