( ဓါတ်ပုံ အညွှန်း – ရေးမြို့ဟောင်းသုနေ သန စာတမ်းဖတ်ပွဲ )

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၇ ။ ။ မြန်မာနိုင်ငံရှိ တက္ကသိုလ်များက ပါမောက္ခများ ရေးသားပြုစုထားသော ရေးမြို့ဟောင်းသုတေသန စာတမ်း စာအုပ််ကို ဖေဖော်ဝါရီလ ၁၇ရက်နေ့ တွင် စတင် ထုတ်ဝေခဲ့ကြောင်း စာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် နိုင်ကိုလွင် က ပြောကြားသည်။

( ဓါတ်ပုံ အညွှန်း – ရေးမြို့ဟောင်းသုနေ သန စာတမ်းဖတ်ပွဲ )
( ဓါတ်ပုံ အညွှန်း – ရေးမြို့ဟောင်းသုနေ သန စာတမ်းဖတ်ပွဲ )
အဆိုပါစာအုပ်တွင် မော်လမြိုင် တက္ကသိုလ် အရှေ့တိုင်းပညဌာန ၊ မြန်မာစာဌာန၊ သမိုင်းဌာန၊ အဏ္ဏဝါသိပ္ပံဌာန၊ ပုသိမ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန၊ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်သမိုင်းဌာန တို့မှ ပါမောက္ခနှင့် ကတိက ဆရာ ဆရာမ များ မှ စာတမ်းပြုစု ထားကြောင်း ၄င်းကပြောသည်။

“ရေးမြို့ဟောင်းစာတမ်းဖတ်ပွဲ ဖြစ်မြောက်အောင် ၂၀၁၃ခုနှစ် မတ်လ လောက်ကတည်းက စတင် လုပ်ခဲ့ကြ တယ်၊ Reserch လုပ်တဲ့ လူပိုဂ္ဂိုလ်ပေါင်း ၅၀၀ ကျော်နဲ့ ပညာရှင်ပေါင်း ၅၄ ဦး တို့ စုပေါင်းလုပ်ခဲ့ကြတယ်၊ ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ မှာ စာတမ်းရှင် ၁၀ ဦးနဲ့ စာတမ်း ဖတ်ကြားနိုင်ခဲ့တယ်၊ အဲဒီစာတမ်းကို စာအုပ်အဖြစ် ထုတ်ဝေမှာ ဖြစ်တယ်”ဟု ၎င်းကပြောဆိုသည်။

ရေးမြို့ဟောင်းသည် နှစ်ပေါင်း ၁၃၀၀ ကျော်သက်တမ်းရှိခဲ့ပြီး ပြန်လည်ဖော်ထုတ်နိုင်ခြင်း အတွက်ကြောင့် ရေးမြို့၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ကြောင်း ၎င်းကပြောကြားသည်။

ရေးမြို့နယ်သည် မွန်ပြည်နယ်၏ ဧရိယာအကျယ်ဆုံးနှင့် သယံဇာတအပေါဆုံး ဒေသဖြစ်ပြီး လမ်းပန်းဆက် သွယ်ရေးနှင့် ငြိမ်းချမ်းရေး အနေအထားကြောင့် နောက်ကျ ကျန်နေခဲ့ကြောင်း၄င်းကဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မော်လမြိုင်မြို့ ရာမည ဟိုတယ်တွင် ရေးမြို့ဟောင်း သုတေသန စာတမ်းစာအုပ် ထုတ်ဝေခြင်း အခန်းအနား ပြုလုပ်ခဲ့သည်။

Leave a Reply