လက်ရေ့ဗ်

အမေရိကန် နယူးယောက်တွင် အရပ် ၅ပေ ၁ လက်မသာ ရှိသော အမျိုးသမီးတစ်ဦးသည် မိမိတင်ပါးကို ရိုက်သွားသည်ဟု ထင်ကာ ကလပ်လုံခြုံရေးကို သတိမေ့သွားသည်အထိ လည်ပင်းညှစ်ခဲ့သည်။

အသက် ၂၂နှစ်အရွယ် ကီယာရာ လက်ရေ့ဗ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လည်ပင်းညှစ်မှုဖြင့် အမှုဖွင့်ထားသည်။

အဆိုပါ အမှုမှာ အောက်တိုဘာလ ၂၀ ရက်နေ့၊ ည ၁၀ နာရီခွဲခန့်က ပလက်စ်ဘာ့ရှိ Five1Eight နိုက်ကလမ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှ ထုတ်ပြန်လိုက်သော ဗီဒီယိုထဲတွင် လက်ရေ့ဗ်သည် နိုက်ကလပ်တွင် သူငယ်ချင်းဖြစ်သူနှင့်အတူ ကနေရာ အမျိုးသမီးတစ်ဦးက သူ့တင်ပါးကို လှမ်းပုတ်လိုက်သည်။

မည်သူ ပုတ်သွားမှန်း မသိဘဲ လက်ဂ်ရေ့ဗ်က လှည့်ပတ်ကြည့်ရာ ဖြစ်ချင်တော့ နိုက်ကလပ်အစောင့်က ၎င်းတို့အနားမှ ဖြတ်သွားသည်။

ထိုအခါ မိမိ၏ တင်ပါးကို ရိုက်သွားသူမှာ နိုက်ကလပ်မှ အစောင့်ဖြစ်သည်ဟု ထင်ပြီး ၁၂၅ ပေါင်သာရှိသော လက်ရေ့ဗ်က ကလပ်မှ အစောင့်၏ လည်ပင်းကို နောက်မှသိုင်းချုပ်လိုက်သည်။

သူ့သူငယ်ချင်းက တားသော်လည်း နောက်ကျသွားခဲ့သည်။ နိုက်ကလပ်အစောင့်မှ သတိမေ့ပြီး ကြမ်းပြန်ပေါ်လဲကျသွားတော့သည်။

ထို့နောက်လက်ဂ်ရေ့ဗ်လည်း အခင်းဖြစ်ရာမှာ ထကာ လမ်းလေ ျှာက်ထွက်သွားခဲ့သည်။ စက္ကန့်အနည်းငယ်ကြာသည့်အခါတွင်မှာ အစောင့်လည်း သတိပြန်လည်လာကာ တဖြည်းဖြည်း ပြန်ထလာခဲ့သည်။

မိမိ၏ တင်ပါးကို ကုပ်သွားသည်ဟု မှားယွင်းစွာ ထင်မိသဖြင့် နိုက်ကလပ်အစောင့်ကို လည်ပင်းမှ ချုပ်ထားမိခဲ့ကြောင်း လက်ဂ်ရေ့ဗ်က ဝန်ခံခဲ့သည်။

နိုက်ကလပ်အစောင့်အနောက်ဖြင့် လက်ဂ်ရေ့ဗ်၏ လုပ်ရပ်ကို စနောက်နေသည်ထင်၍ မတားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်တပ်ဖွဲ့က ဆိုသည်။

အဆိုပါ ဗီဒီယိုကို ကြည့်ရှုခဲ့သော ရဲအရာရှိကတော့ လက်ဂ်ရေ့ဗ်၏ တင်ပါးကို လှမ်းပုတ်ခဲ့သူမှာ သူ၏ သူငယ်ချင်းဖြစ်သူသာ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်ဟုဆိုသည်။

“စောင့်ကြည့်ကင်မရာက ဗီဒီယိုမှာတော့ လက်ဂ်ရေ့ဗ်ရဲ့ တင်ပါးကို လှမ်းပုတ်လိုက်တဲ့လူက လက်ဂ်ရေ့ဗ်ရဲ့ သူငယ်ချင်းပါ” ဟု ပလက်စ်ဘာ့ ရဲအရာရှိ လဲဗိရစ်တာက ပြောသည်။

လက်ဂ်ရေ့အနေဖြင့် လာမည့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် နောက်တစ်ကြိမ် ရုံးချိန်းလာရဦးမည်ဖြစ်သည်။

Source: CNBC

Leave a Reply