တစ္ဆေအကောင်၂၀ နှင့် အိပ်ဖူးသည် ဆိုသည့် အမျိုးသမီး ယခုအခါ တစ္ဆေတစ်ကောင်နှင့် စေ့စပ်

တစ်ယောက်ယောက် စေ့စပ်သွား၍ ဂုဏ်ယူဝမ်းမြောက်သည်ဟု ပြောလိုလျှင် တစ္ဆေအကောင် ၂၀ခန့်နှင့် အိပ်ဖူးသည်ဆိုသည့် အမျိုးသမီးကိုလည်း ဂုဏ်ယူပါတယ်ဟု သွား၍ ပြောနိုင်ပြီး အကြောင်းမူ အဆိုပါ အမျိုးသမီးသည် ယခုအခါတွင် တစ္ဆေတစ်ကောင်နှင့် စေ့စပ်လိုက်ပြီ ဖြစ်သောကြောင့် ဖြစ်သည်။

အန်မီသိုက်စ်ရီးမ်သည် ၎င်း၏ အများနှင့်မတူ တမူထူးခြားသော ချစ်သူ ရည်းစားအကြောင်းကို ပြောပြတတ်ပြီး ယခုအခါတွင် ၎င်းသည် တစ္ဆေတစ်ကောင်နှင့် လက်ထပ်ကာ ကလေးယူတော့မည်ဖြစ်သည်ဟု ဆိုလာသည်။

သူ၏ နာနာဘာဝ ချစ်သူက ဆမ်းမားဆက်တွင် သူ့ကို့ လက်ထပ်ခွင့် တောင်းခဲ့ပြီးနောက်တွင် အသက် ၃၀ အရွယ် ရီးမ်သည် ယခုအခါတွင် လက်ထပ်ပွဲကျင်းပရန် ပြင်ဆင်နေပြီဖြစ်သည်။

”ကျွန်မတို့ဟာ တကယ့်ကို ဖူးစာဖက်တွေပါ။ တစ်ယောက်နဲ့ တစ်ယောက်လည်း အရမ်းချစ်ကြပါတယ်။ ဒါဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

ရီးမ်က ၎င်းအနေဖြင့် နာနာဘာဝများနှင့် လိင်ဆက်ဆံဖူးပြီး ယခု ခင်ပွန်းလောင်းကိုလည်း ယခုနှစ် နှစ်ဆန်းပိုင်းက အလုပ်ကိစ္စဖြင့် သြစတြေးလျသို့ သွားရောက်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ခင်ပွန်းလောင်း၏ အမည်ကိုတော့ မသိရပေ။ ထို့အပြင် ရီးမ်အနေဖြင့် ခင်ပွန်လောင်းမှာ အထီး ဟုတ်မဟုတ် မသေချာဟုလည်း ဆိုပါသည်။ သို့သော် နာနာဘာဝနှင့် ပတ်သက်လာလျှင် အထီး၊ အမ ကိစ္စမှာ သိပ်အရေး မကြီးလှကြောင်း ရီးမ်က ဆိုသည်။

ဆမ်းမားဆက်ရှိ ဝူကီဟိုးလ် ဂူအတွင်းတွင် နာနာဘာဝ ခင်ပွန်းလောင်းက သူ့ကို လက်ထပ်ခွင့်တောင်း ခဲ့ခြင်းဖြစ်ကြောင်း အထက်လမ်းဆရာက ပြောသည်။

“သူ ဒူးထောက်ပြီး လက်ထပ်ခွင့် တောင်းတာမျိုးမရှိဘူး။ သူ့မှာလည်း ဒူးမရှိဘူးလေ။ ဒါပေမယ့် သူပြောတာကို ကျွန်မ ကောင်းကောင်း ကြားလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

“ကိုယ့်ကို လက်ထပ်မလား” ဆိုသည့် စကားလုံးက ဂူထဲတွင် ပဲ့တင်ထပ်နေသည်ဟု ဆိုည်။

“ရှင်းပြဖို့တော့ ခက်တယ်။ ခုအချိန်အထိ သူ့ စကားလုံးတွေက ကျွန်မ ခေါင်းထဲမှာ ရှိနေတုန်းပဲ။ ဒါပေမယ့် အဲဒီနေ့တုန်းက ကျွန်မ ကြားခဲ့ရတဲ့ အသံက အပြင်ကလာတာ” ဟု ရီးမ်က ပြောသည်။

ထိုအသံမှာ “သြပြီး ဆွဲဆောင်မှုရှိကာ တကယ်ကြားလိုက်ရသည်”ဟု ထပ်ပြောသည်။

၎င်း၏ မိသားစုနှင့် မိတ်ဆွေများမှာလည်း သူ့နှင့် ပတ်သက်၍ ဝမ်းမြောက်နေကြကြောင်း၊ ယခုအခါတွင် ခရစ်ယာန်အစဉ်အလာမဟုတ်သော အခမ်းအနား ကျင်းပရန်အတွက် အစီအစဉ်လုပ်နေကြောင်း ပြောသည်။

နာနာဘာဝ ခင်ပွန်းသည်နှင့် ကလေးယူမည်ဆိုသော စိတ်ကူးမှာ ထူးဆန်းချင် ထူးဆန်းနေနိုင်သော်လည်း မဖြစ်နိုင်သော အရာတော့ မဟုတ်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

Source: Metro

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.