၂ ။ ရိုးရာချည်ထည် ရက်လုပ်သည့်လုပ်ငန်းကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းပင် တစ်နိုင်တစ်ပိုင် လုပ်ကိုင်ခဲ့ကြသည်။

ရယ်ဒီမိတ်အထည်များ စျေးကွက်အတွင်း ခိုင်မာစွာနေရာယူ ၀င်ရောက်နေချိန်တွင် ပြည်တွင်း ရိုးရာချည်ထည် ယက်လုပ်သည့် ယက္ကန်းလုပ်ငန်းများမှာ တိမ်မြုပ်ပျောက်ကွယ်လု အခြေအနေသို့ ရောက်ရှိခဲ့သည်။ သို့ပေမဲ့ ယခုအချိန်တွင် မြန်မာအမျိုးသမီးအများစုသည် ရိုးရာချည်ထည်များကို ပြန်လည်ဝတ်ဆင်လာကြ၍ မှေးမှိန် နေသော လက်ဖြင့် ရက်လုပ်သည့် တစ်နိုင်တစ်ပိုင် ယက္ကန်းလုပ်ငန်းများလည်း မွန်ပြည်နယ်တွင် တစ်ကျော့ပြန် ဦးမော့လာကြသည်။

Leave a Reply