တိုကျို ဧပြီ ၂၈

၂၀၁၈ ခုနှစ်အတွင်း ဂျပန်နိုင်ငံ၌ လာရောက်အလုပ်လုပ်ကိုင်သူ နိုင်ငံခြားသား အလုပ်သမားဦးရေသည် များပြားခဲ့သဖြင့် ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးခဲ့မှုမှာ အမြင့်ဆုံး စံချိန်တင်ခဲ့​ကြောင်း ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဧပြီလ ၂၉ရက်နေ့က ထုတ်ပြန်သည်။

ယခင်နှစ်များတွင်လည်း နိုင်ငံတကာမှ အလုပ်သမားများဝင်ရောက်လုပ်ကိုင်ကြလေ့ရှိသော်လည်း ၂၀၁၈ခုနှစ်စာရင်းသည် ထူးထူးခြားခြား အမြင့်ဆုံးဖြစ်နေခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ စစ်တမ်းများတွင် ဂျပန်အစိုးရအနေဖြင့် နိုင်ငံခြားသားအလုပ်သမား ၆ ဒသမ ၉၅ သန်းကျော်ကို ပြည်ဝင်ခွင့်ဗီဇာများ ခွင့်ပြုပေးခဲ့ရကြောင်းနှင့် ၂၀၁၈ ခုနှစ်အတွင်း ဗီဇာ ထုတ်ပေးမှုအရေအတွက်သည် ၂၀၁၇ ခုနှစ်ကထက် ၁၉ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း သိရသည်။

“နိုင်ငံတကာက လုပ်သားအင်အားတွေဝင်ရောက်လာတာဟာ နိုင်ငံရဲ့ GDPကိုမြင့်တက်စေရုံသာမကဘူး၊ သူတို့ဆီကရတဲ့လုပ်အားနဲ့ ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကိုလည်း နိုင်ငံတွင်းမှာ စီးဆင်းစေမှာဖြစ်တယ်” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာဆာကာနဝါအဆာဟိက ပြောသည်။

၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံမှ ခရီးသွား ၅ ဒသမ ၄၄ သန်းကျော်ကို ပြည်ဝင်ခွင့်ဗီဇာပေးခဲ့သည်။ ယင်းအရေအတွက်သည် ပြည်ဝင်ခွင့်ဗီဇာ အရေ အတွက်အားလုံး၏ ၇၈ ရာခိုင်နှုန်းဝန်းကျင်ခန့်ရှိေကြာင်း သိရသည်။ ထို့ပြင် ဖိလစ်ပိုင်ပြည်သူ ၃၄၇၈၀၀၊ ဗီယက်နမ်ပြည်သူ ၂၈၆၉၀၀ နှင့် အင်ဒိုနီးရှား ပြည်သူ ၂၄၂၈၀၀ တို့အား ဂျပန်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ခွင့်ပြုပေးခဲ့ သည်။

၂၀၂၀ ခုနှစ်တွင် အိုလံပစ်အားကစားပြိုင်ပွဲနှင့် ပါရာလံပစ်အားကစား ပြိုင်ပွဲများကို တိုကျိုမြို့တွင် လက်ခံကျင်းပသွားမည်ဖြစ်ရာ ဂျပန်နိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာခွင့်ပြုပေးမှု အရေအတွက်သည် ပိုမိုများပြားလာဖွယ်ရှိသည်ဟု ထင်မြင်ယူဆရသည်။

Ref: NHK

Leave a Reply