တစ်ပတ်အတွင်း ဖမ်းမိသည့် စည်းကမ်းပျက်ယာဉ် ၂,၂၀၀ ကျော်ရှိ

မော်လမြိုင် ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်နေ့အထိ တစ်ပတ်အတွင်း စည်းကမ်းပျက်ယာဉ် ၂,၂၄၂ မှု ဖမ်းဆီးရမိထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရက် ၁၀၀ လင်းယုန်စီမံချက်ဖြင့် စတင်ဖမ်းဆီးအရေးယူသည့် ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အတွင်း စည်းကမ်းပျက်ယာဉ် ဖမ်းဆီးအရေးယူမှုတွင် မော်လမြိုင်မြို့မှာ အများဆုံးဖြစ်ကြောင်း မှတ်တမ်းအရ သိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ မလိုက်နာသည့် စည်းကမ်းပျက်ယာဉ်အချို့ကြောင့် စည်းကမ်းလိုက်နာသော ယာဉ်များအတွက် အန္တရာယ်ရှိနေသည်ဟု မွန်ပြည်နယ် အမှတ် ၁၂ ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ ရဲမှူး ကျော်သူက ဟင်္သာသို့ ပြောသည်။

“အမှန်အတိုင်း ပြောရမယ်ဆိုရင် အဖမ်းခံရမှာလည်း ကြောက်နေတယ်။ ကြောက်တာ ဘယ်လောက်ထိကြောက်သလဲဆိုရင် ယာဉ်အန္တရာယ်ဖြစ်လောက်တဲ့အထိ ထွက်ပြေးနေပါတယ်။ ကြောက်နေပေမယ့်လည်း ဆိုင်ကယ် ဦးထုပ်မဆောင်းသေးပါဘူး” ဟု ရဲမှူး ကျော်သူက ပြောသည်။

လင်းယုန်စီမံချက် စတင်သည့်ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အတွင်း စည်းကမ်းပျက်ယာဉ် ဖမ်းဆီးရမိမှုမှာ မော်တော်ယာဉ် ၆၂၅ မှု၊ ထော်လာဂျီ ၁၈ မှု၊ ဘေးတွဲဆိုင်ကယ် ၈၀ မှု၊ သုံးဘီးဆိုင်ကယ် ၁၃၇ မှု၊ ဆိုင်ကယ် ၉,၃၆၇ မှု၊ စုစုပေါင်း ၁၀,၂၂၇ မှု ရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.