မွန်နိုင်ငံ ရေးပါတီ များ တစ်ပါတီတည်းဖြစ်ရေး အတွင် မွန်အမျိုးသားပါတီ က အချိန်မရွှေး လုပ်ဆောင် နိုင်ကြောင်း မွန်အမျိုးသားကွန်ဖရင့် ဒုတိယနေ့ ညနေပိုင်းအစီအစဉ်တွင် မွန်အမျိုးသား ပါတီ က ပြောဆိုလိုက်သည်။logo-copy

မွန်အမျိုးသား ပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမ ကမွန်စည်းလုံးညီညွတ်ရေး စာတမ်းဖတ်ကြားသည့်အစီစဉ်တွင်မွန်အမျိုးသားပါတီ၏သဘောထားကို ပြောဆိုခဲ့ ခြင်းဖြစ်သည်။

“၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာ ကျနော်တို့ ပေါင်းစည်းဖို့အတွက် တူညီချက် အချက် ၄ ချက်ကို သဘောတူပြီး ပေါင်းစည်းဖို့ လုပ်ခဲ့တယ်၊ မွန်ဒီမိုကရေစီပါတီကို ဖျက်သိမ်းခဲ့တယ် ဒါပေမယ့် ၁၀ဝ ရာခိုင်နှုန်းပေါင်းစည်းမှု မဖြစ်ခဲ့ဘူး၊ တစ်ဖက်က ပေါင်းစည်းမယ်ဆိုရင် ကျနော်တို့ အချိန်မရွေး ပေါင်းစည်းနိုင်ကြောင်း” မွန်အမျိုးသား ပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတပ က ပြောဆိုခဲ့သည်။

အလားတူ ယမန်နေ့ဖွင့်ပွဲ အခမ်းအနားတွင်လည်း မွန်အမျိုးသားပါတီ ဒုတိယ ဥက္ကဋ္ဌ (၁) နိုင်တင်အောင် ကလည်း မိမိတို့အနေနဲ့ ပေါင်းစည်းရေးနဲ့ပတ်သက်ပြီး တစ်စုံတရာ စွန့်လွှတ်မှ ပေါင်းစည်းမည် ဆိုပါက စွန့်လွှတ်သွားမည်ဖြစ်ကြောင်း၊ အဓိက ပေါင်းစည်းရေးကိုသာ လိုလားကြောင်း ပြောဆိုခဲ့သည်။

မွန်အမျိုးသားကွန်းဖရင့်ကို ၂၂ ရက်နေ့မှ စပြီး ၂၃ ရက်နေ့အထိ ကရင်ပြည်နယ် ကြာအင်းဆိတ်ကြီးမြို့နယ်၊ တောင်ပေါက်ကျေးရွာအုပ်စု၊ ပေါလောကုန်ကျေးရွာတွင် ၃ ရက်တာ ကျင်းပလျှက်ရှိကြောင်း သိရသည်။

Leave a Reply