နေပြည်တော်၊ နိုဝင်ဘာ ၃။ ။ အများပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ သိရှိလိုပါက တစ်မိနစ် ၁၀ဝကျပ်နှုန်းဖြင့်7887 Call Center စုံစမ်းမေးမြန်းနိုင် ရန် ဝန်ဆောင်မှုများကို ၂၄ နာရီ အချိန်ပြည့် ဆောင်ရွက်ပေးနေသည်ဟု နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပသော မိတ်ဆက်ပွဲ အခမ်းအနားတွင် ဒေါက်တာစွမ်းဆောင်ဦးက ဆိုသည်။

7887

“၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ကနေစပြီး ၂၄ နာရီ အချိန်ပြည့် ဝန်ဆောင်မှုပေးနေပါတယ်၊ လတ် တလော အခြေအနေအရ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ အနီးဝန်းကျင်မှာသာ စတင်ဆောင်ရွက်လျှက် ရှိ ပါတယ်” ဟု 7887 Call Center မှ Founder ဒေါက်တာစွမ်းဆောင်ဦးက ပြောသည်။

Call Center သို့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆက်သွယ်မေးမြန်းခြင်းကြောင့် အချိန်ကုန်သက်သာခြင်း၊ ငွေကုန်ကျစရိတ်သက်သာမှုများရှိကြောင်းလည်း ၄င်းက ဖြည့်စွက်ပြောသည်။

“ကျန်းမာရေးနဲ့ စပ်လျဉ်းတဲ့ သိရှိလိုတဲ့ မေးခွန်းတွေကို ဖြေကြားပေးတယ်၊ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း တွေ ကိုလည်း ဆောင်ရွက်ပေးတယ်၊ ဖြေကြားချက်တွေဟာ ဘေးထွက်ဆိုးကျိုးမဖြစ်စေရဘူး၊ ပြင်ပမှာ ထုတ်ဖော် ပြောဆိုဖို့ခက်နေတဲ့ ရောဂါတွေ၊ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေကိုလည်း ရှင်းလင်းပေးပါတယ်” ဟု ဒေါက်တာသဇင်ကိုကိုက ရှင်းပြသည်။

ဖုန်းဝန်ဆောင်ခ အနေဖြင့်မူ တစ်မိနစ်လျှင် တစ်ရာကျပ်နှင့် အခွန် ၅ ရာခိုင်နှုန်း စုစုပေါင်း တစ်မိနစ်လျှင် ၁၂၉ ကျပ်ခန့် ကျသင့်မည်ဖြစ်ကြောင်း ဒေါက်တာစွမ်းဆောင်ဦးက ဆိုသည်။

7887 Call Center သည် ဆရာဝန်များနှင့်သာ ဖွဲ့စည်းထားသည်ဟုဆိုသည့် ပထမဦးဆုံး ကျန်းမာရေးဝန်ဆောင်မှုသည် လိုချင်သည့် အချက်အလက်များ ချက်ခြင်းမရရှိခြင်း အဆင့်
ဆင့်စောင့်ဆိုင်းခိုင်းခြင်းများရှိနေကြောင်း စမ်းသပ်မေးမြန်းသူတစ်ဦးက ပြောသည်။

Written by ကိုပေါက်

Leave a Reply