Advertisements

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၇ ။ ။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် စိုက်ပျိူးရေးတက္ကသိုလ်ရှိ ကျောင်းသူ၊ ကျောင်းသားများပူးပေါင်းပြီး တစ်နိုင်ငံလုံး၏ တစ်ရက်တာ စားသုံးနေသော ဆန်နှုန်းထားစာရင်းကို မတ်လအတွင်း စတင်ကောက်မည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဘက်အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

logo-copy“တခြားနိုင်ငံမှာ တစ်နှစ်ထွက်ရှိတဲ့ ဆန်စပါးနှုန်းထားကို ဘယ်လောက် စားသုံးမယ်၊ ဘယ်လောက် တင်ပို့မယ်ကို စာရင်းပြုစုကြတယ်၊ မြန်မာနိုင်ငံမှာက ဆန်စပါးထွက်ရှိတဲ့နှုန်းကို ယခင်က စာရင်းပြုစုခဲ့ပေမယ့် လက်ရှိမှာ သေချာတဲ့ စာရင်းမရှိလို့ ကောက်ခံရတာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိမှာ စာရင်းကောက်သည့် နေရာတွင် အချက်အလက်စုံအောင် တတ်သည့်နာလည်းသော ပညာရှင်များနှင့် တိုင်ပင်နေပြီး၊ ကျောင်းသူ ကျောင်းသားများ စာမေးပွဲပြီးသော မတ်လတွင် ကျောင်းသူ ကျောင်းသား ၄၀ဝ ကျော်နှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ဦးလူမော်မြင့်မောင်က ပြောသည်။

Advertisements
data-language="en"

မွန်ပြည်နယ် ဆန်စပါးကုန်သည်အသင်း ဥက္ကဋ္ဌ ဦးတင်မြင့်ဦးက “လောလောဆယ်မှာ ကျွန်တော်ကို ညွန်ကြားထားတာ မရှိသေးဘူး၊ ပြည်သူတွေရဲ့ တစ်ရက်တာ ဆန်စားသုံးမှုနှုန်းကို ကောက်ခံမယ်သိရလို့ ဒီအစီစဉ်လေးက ကောင်းတာပေါ့”ဟု ပြောကြားသည်။

၂၀၁၅ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် စပါးစိုက်ပျိုးဧက ပေါင်း ၇၂၀၂၇၆ ဧကရှိပြီး၊ တစ်ဧကလျှင် ၆၆ ဒသမ ၈၁ တင်း ထွက်ရှိရာ စပါးတင်းပေါင်း ၄၈၁၂၅၀၃၂ တင်းထွက်ရှိခဲ့ကြောင်း မွန်ပြည်နယ် လယ်ယာနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု စာရင်းအရ သိရသည်။

Written by – ဇော်ထိုက်

Leave a Reply