Advertisements

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက်။

ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း တစ်လနှင့်အထက် ကျော်လွန်နေထိုင်မည့် အိမ်ငှားများသည် ရပ်ကျေးအုပ် ချုပ်ရေးမှူးထံ အသိပေးအကြောင်းကြားရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက အောက်တိုဘာ ၁၂ ရက်တွင် ပြုလုပ်သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောဆိုလိုက်သည်။

အိမ်ထောင်စုစာရင်းဝင်မဟုတ်သူများသည် ညအိပ်ညနေလာရောက်တည်းခိုပါက ဧည့်စာရင်းတိုင်ကြားရမည့် သတ်မှတ်ချက်ကို ၂၀၁၂ ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပ ဒေအရ ပယ်ဖျက်ပြီးဖြစ်သော်လည်း တစ်လနှင့်အထက်ကျော်လွန်၍ လာရောက်တည်းခိုနေထိုင်သူများရှိပါက မှတ်တမ်းထားရှိနိုင်ရန်အတွက် သတ်မှတ်နည်းလမ်းများနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူထံ အသိပေးအ ကြောင်းကြားရမည်ဟု အစားထိုးပြဌာန်းခဲ့သဖြင့် အိမ်ရှင်ကိုယ်တိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အသိပေးအ ကြောင်းကြားရန်လိုအပ်ကြောင်း နယ်လုံဝန်ကြီးက ပြောကြားလိုက်သည်။

“တရားဥပဒေစိုးမိုးရေးကိစ္စ၊ လူစိမ်းတွေ နေထိုင်မှုတွေသိရှိစေဖို့နဲ့ လုံခြုံရေးချိုးဖောက်မှု မရှိစေဖို့ အိမ်ထောင်စု လူစာရင်းတွေပြည့်စုံစေဖို့၊ တိကျစွာသိရှိနိုင်ဖို့ အိမ်ငှားနေထိုင်သူများဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ အသိ ပေးအကြောင်းကြားရန်အတွက်ကို အိမ်ရှင်ကိုယ်တိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြပါအတိုင်း ဆောင် ရွက်ရန် တင်ပြအပ်ပါတယ်။”ဟု နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။

အိမ်ငှားနေထိုင်သူများ ဧည့်စာရင်းတိုင်ကြားရန် လိုအပ်ခြင်းရှိ၊ မရှိ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အ မှတ်(၁)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးလှဌေး၏မေးမြန်းမှုကို ဝန်ကြီးကဖြေကြားခြင်းဖြစ်ပြီး လတ်တ လောတွင် အိမ်ငှားနေထိုင်သူများသည် ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိသည့်အချက်ကြောင့် ရပ်ကွက် ထောက်ခံစာရယူရန် အခက်အခဲများဖြစ်ပေါ်နေကြောင်းသိရသည်။

“တတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေအရ ဧည့်စာရင်းတိုင်ရန်မလိုအပ်တော့ဘူးလို့ ပြင်ဆင်ထားပေမယ့် အထက်မှ ညွှန်ကြားချက်များ ပေးပို့လာခြင်းမရှိသေးတဲ့အတွက် တိုင်ရင်လည်းရတယ်၊ မတိုင်ရင်လည်းရတယ်ဆိုတဲ့စနစ် တစ်ခု ဖြစ်ပေါ်နေပါတယ်။ နှစ်ချုပ်လချုပ်ငှားနေသူတွေက ထောက်ခံစာလိုအပ်လို့တင်ပြရင် ဧည့်စာရင်းတိုင် ကြားထားတာမရှိလို့ ထောက်ခံစာမထုတ်ပေးတဲ့အတွက်ကြောင့် အိမ်ငှားနေသူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ကြား အငြင်းပွားမှုတွေလည်းတွေ့နေပါတယ်။ ငှားရမ်းနေထိုင်သူများ ဝန်ထုပ်ဝန်ပိုးမရှိစေဖို့ဆောင်ရွက်ပေးရန် လိုပါတယ်။ အိမ်ငှားတွေထောက်ခံစာရရှိနိုင်ရန်အတွက် မည်သို့ဆောင်ရွက်ရမည်ကို တိကျစွာဖြေကြားစေလိုပါ တယ်။”ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှလွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးကပြောသည်။

အိမ်ငှားနေထိုင်သူများသည် ရပ်ကွက်အတွင်းနေထိုင်ကြောင်းကို သက်ဆိုင်ရာထံ အသိပေးအကြောင်းကြားပြီး အိမ်ငှားစာချုပ်နှင့်အတူ ကာယကံရှင်ကိုယ်တိုင် ရပ်ကွက်အုပ်ချုပ်မှူးထံ ထောက်ခံစာရယူနိုင်ကြောင်း တိုင်းလုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးကပြောသည်။

Written by – MMK

Advertisements
<

Leave a Reply