ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇။ ။ YBS ယာဉ်လိုင်းများစတင်ပြေးဆွဲသည့်နေ့မှစ၍ တစ်လအတွင်း တိုင်းကြားမှုပေါင်း(၅၂၀) ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က YBS ပက်သက်သော သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

“အရေးယူတာနဲ့ ပက်သက်ပြီးတိတိကျကျပြောဖို့ခက်တယ်။ ကျွန်တော်တို့စနစ်က အဲ့ဒီလိုင်းတစ်လိုင်းကိုတာဝန်ယူတဲ့ ကုမ္ပဏီက သူကတာဝန်ယူရမှာ။ ကျွန်တော်တို့သိတာက ရဲနဲ့ပက်သက်ပြီးအမှုအခင်းဖြစ်လာရင်တော့ ကျွန်တော်တို့စီကသွားတာ” ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောသည်။

YBS ယာဉ်လိုင်းများကို တိုင်းကြားမှုအများဆုံးမှာ သတ်မှတ်ထားသောမှတ်တိုင်တွင် ယာဉ်မရပ်ခြင်း၊ ယာဉ်စီးခ ပိုမိုတောင်းခံခြင်း ၊ ခရီးသည်အားမခြေမခငံဆက်ဆံခြင်းတို့ဖြစ်ပြီး ဇန္နဝါရီလအတွင်း (၂၃၄)ခု တိုင်းကြားခံရသည့် ယာဉ်လိုင်းနံပါတ်(၇)၊ (၄၀)၊ (၄၁)၊ ဖေဖော်ဝါရီလအတွင်း တိုင်ကြားလွှာ(၂၈၆)ခု တိုင်းကြားခံရသည့် ယာဉ်လိုင်းနံပါတ် (၆)၊ (၃၆)၊ (၆၅) တို့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ သိရသည်။

စည်းကမ်းဖောက်သည့်ယာဉ်များကို မှတ်တမ်းတင်ထားမည်ဖြစ်ပြီး ထားသည့်မှာဧပြီလအတွင်းယာဉ်စီးရေ ၁ဝဝဝရောက်လာပါက ထုတ်ပယ်သွားမည်ဟု ဝန်ကြီးချုပ်ဖြိုးမင်းသိန်းကပြောသည်။

ဆုမင်းကို

Leave a Reply