ထားဝယ် ဧပြီ

တနင်္သာရီတိုင်းဒေသကြီးအတွင်း ယခုလက်ရှိကောက်ခံ နေသော မြေခွန်နှုန်းထားများမှာ ၁၉၃၈-၁၉၃၉ ခုနစ်က တည်းက ကြေးတိုင်သတ်မှတ်ချက်အရ ကောက်ခံနေသော နှုန်းထားများဖြစ်ပြီးခေတ်စနစ်နှင့်မလျော်ညီသောနှုန်းထား ဖြစ်နေကြောင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက ပြောကြားသည်။

“ ယနေ့ကောက်ခံနေသော မြေယာနှုန်းထားများသည် ပြောင်းလဲလာသော ငွေကြေးတန်ဖိုးမှာ ခေတ်စနစ်နှင့် လုံး ဝမလျော်ညီသောနှုန်းထားများဖြစ်နေတယ်”ဟု ဦးကျော်မင်းက ဆိုသည်။

လယ်တစ်ဧကလျှင် အနိမ့်ဆုံး၁/၅၀ကျပ်မှအမြင့်ဆုံး ၅/ ၂၅ကျပ်၊ဥယျာဉ်ခြံမြေတစ်ဧကလျှင် အနိမ့်ဆုံး၁/၅၀ကျပ် မှ အမြင့်ဆုံး၄/၇၅ကျပ်၊ဓနိတစ်ဧကလျှင်အနိမ့်ဆုံး ၄/၀၀ ကျပ်မှအမြင့်ဆုံး ၄/၀၀ကျပ်အထိ ကောက်ခံလျက်ရှိသည် ကို သိရှိရကြောင်း၎င်းက ပြောသည်။

၁၉၃၈ခုနှစ်တွင် ပြဋ္ဌာန်းကောက်ခံခဲ့သော မြေခွန်နှုန်းထား များသည် သူ့ခေတ်သူ့အခါအရမှန်ကန်သည့်နှုန်းထားများ ဖြစ်သည်ဟုဆိုရမည်ဖြစ်ပြီး ထိုခေတ်အခါကငွေကြေး တန်ဖိုးအင်မတန်မြင့်မားခြင်းကြောင့် တစ်ဧကကောက်ခံ နှုန်းသည် ထိုခေတ်၏ဈေးနှုန်းအရ စပါးတစ်တင်း တန်ဖိုး နှုန်းထားရှိသည်ဟု လေ့လာသိရှိရကြောင်း ၎င်းက ဖြည့် စွက်ပြောသည်။

တိုင်းဒေသကြီးအတွင်း စုစုပေါင်းစိုက်ပျိုးမြေဧကမှာ ၁၁ သိန်းခန့်ရှိသည်ဟုလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနထံမှ သိရသည်။

ကမ်းရိုးတန်းဒေသဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးတွင် ရေလုပ်ငန်းအပြင် လယ်ယာ၊ဥယျာဉ်ခြံ၊ ရော်ဘာစိုက်ပျိုး ရေးတို့ကိုလည်း လုပ်ကိုင်လျက်ရှိသည်။

ပြောင်းလဲလာသော ငွေကြေးတန်ဖိုးနှုန်းထားများကို ခေတ် စနစ်နှင့်အညီ ပြည်သူများ ဝန်မပိစေနိုင်သည့် သင့်လျော် မည့်နှုန်းထားဖြင့် ပြင်ဆင်ကောက်ခံရန် လိုအပ်လာပြီဖြစ် ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦး ကျော်မင်းက ထောက်ပြသည်။

သို့ဖြစ်၍တိုင်းဒေသကြီးအတွင်း လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနမှ ကောက်ခံနေသော မြေယာနှုန်း ထားများသည် ခေတ်ကာလနှင့်ကိုက်ညီမှုမရှိခြင်းကြောင့် တိုင်းဒေသကြီး မြေမခွန်ဥပဒေအား ပြင်ဆင်ပြဌာန်းပေး ရန် အစီအစဉ်ရှိ မရှိမေးခွန်းကို ဧပြီလ ၁၀ရက်နေ့က ပြု လုပ်သော ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ် တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဦးကျော်မင်းက မေးမြန်းခဲ့သည်။

တိုင်းဒေသကြီးအတွင်း လယ်ယာမြေများကို မြေအမျိုး အစားအလိုက် မြေခွန်နှုန်းထားများအား ခေတ်နှင့်အညီ ကောက်ခံနိုင်ရေးအတွက် မြေယာခွန်ဥပဒေ(မူကြမ်း)ရေး ဆွဲနိုင်ရန် တိုင်းဒေသကြီးစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဥက္ကဌအဖြစ်ပါဝင်သော အဖွဲ့ဝင် ၉ဦးဖြင့် မြေယာခွန်ဥပဒေ(မူကြမ်း)ရေးဆွဲရေးကော်မတီကို ဖွဲ့စည်း ထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဦးမြင့်စန်းက ပြန်လည်ဖြေကြားသည်။

အဆိုပါကော်မတီမှပထမအကြိမ်(မူကြမ်း)၊ဒုတိယအကြိမ်(မူကြမ်း)၊တတိယအကြိမ်(မူကြမ်း)တို့အား ညှိနှိုင်းဆွေး နွေးအတည်ပြုနိုင်ခဲ့ပြီး လိုအပ်သည်များပြင်ဆင်ဖြည့်စွက် အကြံပြုနိုင်ရေးအတွက် တိုင်းဒေသကြီးဥပဒေချုပ်ရုံးသို့ ဥပဒေအကြံပြုချက်တောင်းခံသွားမည်ဖြစ်ကြောင်း ဥပ ဒေအကြံပြုချက်ရရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြ၍ အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော်သို့တင်ပြအတည်ပြုချက်ရယူ၍ ပြည်ထောင်စုအစိုးရသို့ဆက်လက်တင်ပြသွားမည်ဟု ဝန်ကြီးက ဆိုသည်။

တင့်လွင်
==

Leave a Reply