Advertisements

ထားဝယ် ဇန်နဝါရီ

NLDအစိုးရလက်ထက်၌ တနင်္သာရီတိုင်းဒေသကြီးတွင် နိုင်ငံခြားသား၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၃၀ နီးပါး တိုးလာကြောင်း သိရသည်။

၂၀၁၆ခု ဧပြီမှ လက်ရှိကာလအထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(TRIC)တို့ထံမှ ခွင့်ပြုမိန့်၊အတည်ပြုမိန့်ရရှိထားသည့် ကုမ္ပဏီအရေအတွက် ၂၇ခု ရှိကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

Advertisements
data-language="en"

“တိုးလာတဲ့လုပ်ငန်းအများစုက ဟိုတယ်လုပ်ငန်းတွေဖြစ် တယ်၊ တိုးလာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက TRICကခွင့်ပြုတာများတယ်”ဟု ယင်းဌာန ညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းက ဆို၏။

အဆိုပါကာလတွင် TRIC မှအတည်ပြုမိန့်ပေးထားသည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၂ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၂၀ ရှိသည်။

MICမှခွင့်ပြုထားသည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၂ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၃ခုရှိနေသည်။

ယခုအစိုးရလက်ထက်တွင် MIC မှ ခွင့်ပြုထားသည့် နိုင်ငံခြားသားကုမ္ပဏီ ၂ခုက အမေရိကန်ဒေါ်လာ ၁၆ သန်းကျော်၊ TRIC က ခွင့်ပြုထားသည့် နိုင်ငံခြားသားကုမ္ပဏီ ၂ခုမှ အမေရိကန်ဒေါ်လာ ၄ သန်းနီးပါး ၊ စုစုပေါင်း ကန် ဒေါ်လာ သန်း၂၀ ကျော် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသည်။

ထို့အတူMIC ခွင့်ပြု မြန်မာနိုင်ငံသား ကုမ္ပဏီ ၃ခုက မြန်မာငွေကျပ် သန်း ၂၅၀၀၀ ကျော်၊ TRIC ခွင့်ပြု မြန်မာနိုင်ငံသား ကုမ္ပဏီ ၂၀ က မြန်မာငွေကျပ် သန်း ၃၃၆၀၀ နီးပါး၊ စုစုပေါင်းမြန်မာငွေကျပ် သန်း ၅၈၀၀၀ ကျော် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသည်။

ယခုအစိုးရ မတိုင်မီ ၁၉၉၇ခုမှ ၂၀၁၆ခု မတ်လအထိ တိုင်းအတွင်းတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၄၃ခုမှ ကန် ဒေါ်လာ သန်း ၁၇ ၅၀၀ ကျော်၊မြန်မာငွေ ကျပ်သန်း ၁၃၁၀၀ ကျော်ကိုလည်းကောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၄၅ခုမှ ကန်ဒေါ်လာ ၂၃၁ သန်း ဝန်းကျင်နှင့်မြန်မာငွေကျပ် သန်း ၁၉၉၀၀၀ ဝန်းကျင်ကိုလည်းကောင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။

တင့်လွင်

Leave a Reply