တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကို အခမ်းအနားတစ်ရပ်တွင် တွေ့ရစဉ်။

မော်လမြိုင် မတ် ၁၀

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို မတ် ၁၀ ရက် ညနေပိုင်းခန့်က (လွန်ခဲ့သော နာရီပိုင်းခန့်အတွင်း) မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ စုံစမ်းဖော်ထုတ်ချက်အရ တာဝန်ရှိအဖွဲ့အစည်းမှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ခိုင်မာသည့် သတင်းအရင်းအမြစ်မှ စုံစမ်းသိရသည်။

ထိုသို့ ဝန်ကြီးချုပ်ကို ထိန်းသိမ်းခံထားရမှုနှင့် ပတ်သက်၍ ည ၇ နာရီအချိန်၌ တရားဝင်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့်တာဝန်ရှိသူများအားအဂတိလိုက်စားမှုရှိသည်ဟုဆိုကာ စုံစမ်းစစ်ဆေးအရေးယူပေးရန် ထားဝယ်နှင့် မြိတ်ဒေသခံ၁၀၀ကျော်မှ နိုင်ငံတော်သမ္မတနှင့်ဒေါ်အောင် ဆန်းစုကြည်၊ NLDပါတီဗဟိုနှင့်NLDပါတီ(ဗဟို)ကိုယ်စားလှယ်များတိုင်ကြားစာဌာနသို့တိုင်ကြားထားပြီးတိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်(၁၄)ဦးကလည်းယင်းဒေသ ခံများတိုင်ကြားချက်များကို အထောက်အထားနှင့်တကွ ဇန်နဝါရီလ ၂၈ရက်နေ့ကအဆိုပါပုဂ္ဂိုလ်များထံအစီရင် ခံတင်ပြထားသည်ဟု ကနဦး သိရသည်။

Written by ခေတ်မင်း

Leave a Reply