Advertisements

ထားဝယ် နိုဝင်ဘာ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသော အဝတ်အစားများ ဝတ်ဆင်၍ ဝင်ရောက်ခြင်း ခွင့်မပြုကြောင်း နိုဝင်ဘာ ၈ ရက်မှစ၍ ဝင်ပေါက်တွင် ဗီနိုင်းဆိုင်းဘုတ်ထောင် အသိပေးထားသည်။

ပုခုံးသိုင်းကြိုးမပါသောအင်္ကျီ၊ ကြိုးတစ်လုံးအင်္ကျ ီ၊ ဘောင်းဘီတို၊ စကတ်တို၊ ဂါဝန်တိုတို့ကို ဝတ်ဆင်၍ ဝင်ရောက်ခြင်း ခွင့်မပြုဟု ရုပ်ပုံများပြသ၍ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် စာရေးသားကာ ရုံးဝင်ပေါက်တွင် အသိပေးလိုက်ခြင်း ဖြစ်သည်။

“၂ပတ်ခန့်က နိုင်ငံခြား ၂ယောက် စွပ်ကြယ်ဂျိုင်းပြတ်နဲ့ ဘောင်းဘီတိုနဲ့ဝင်လာတယ်၊ လာတာကလည်းကြည့်ဦး ၊ ဝန်ကြီးချုပ်နဲ့တွေ့ဖို့လာတယ်”ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ဒုတိယညွန်ကြားရေးမှူး ဦးစိုးလှိုင်ကဆိုသည်။

တိုင်းအစိုးရအဖွဲ့သို့ ယင်းတို့ ၂ဦး ဝင်ရောက်လာသည်ကို ဝင်ပေါက်ရှိ ရဲတပ်ဖွဲ့ဝင်တို့ မသိလိုက်ဘဲ အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တွေ့ ခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းတို့မှာ နောက်တစ်ကြိမ်ပြန်လာပြီး နယ်လုံဝန် ကြီးနှင့် တွေ့မည်ဟု ပြောဆိုရာ ဝင်ပေါက်ရှိ ရဲတပ်ဖွဲ့က ခွင့်မပြုတော့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုင်းအစိုးရအဖွဲ့ရုံးတွင် ဝန်ကြီးချုပ်နှင့်တွေ့ဆုံရန် ထားဝယ်မြို့မှ လယ်သမားများ ဝင်ရောက်စဉ် ရိုက်ကူးထားသော ပုံများ လူမှုကွန်ရက်ဖေ့ဘုတ်ခ်တွင် ပျံ့နှံ့မှုဖြစ်ပေါ်ပြီၤးနောက် ရုံးဝင်ပေါက်ဂိတ်၌ သတင်းပို့ပြီးမှသာ ဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

တင်လွင့်

Leave a Reply