Myanmar Now

စစ်တပ်၏စီးပွားရေး အဆက်အသွယ်များကို ဖော်ထုတ်ကာ ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများနှင့် လက်နက်ရောင်းချမှုများကို ပိတ်ဆို့ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်က ယနေ့ထုတ်ပြန်လိုက်သည်။ မြန်မာ့တပ်မတော်နှင့် တပ်က ထိန်းချုပ်၍ အားကိုးအားထားပြုသော ကုမ္ပဏီကွန်ရက်ပေါင်းများစွာတို့နှင့် အဆက်အသွယ်ဖြတ်ရန် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းကို ယင်းထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ယင်းထုတ်ပြန်ချက်တွင် စစ်တပ်ထိပ်သီးခေါင်းဆောင်များ ပိုင်ဆိုင်၊ ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတိုနှင့် ပတ်သက်၍လည်း အသေးစိတ် စုံစမ်းဖော်ထုတ်ထားသည်။

ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးများ စတင်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့် အဖွဲ့အစည်းပေါင်း ၄၅ ခုက စစ်တပ်ကို ဒေါ်လာ ၁၀ သန်းကျော်တန် အလှူငွေများ ပေးခဲ့ကြောင်း အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားသည်။

မြန်မာနိုင်ငံစီးပွားရေးဦးပိုင်ကုမ္ပဏီတွင် တာဝန်ယူထားသော ထိပ်တန်းတပ်မတော်ခေါင်းဆောင်းများမြန်မာနိုင်ငံစီးပွားရေးဦးပိုင်ကုမ္ပဏီတွင် တာဝန်ယူထားသော ထိပ်တန်းတပ်မတော်ခေါင်းဆောင်းများ

မြန်မာ- ဘင်္ဂလားဒေရှ့် နယ်စပ်ခြံစည်းရိုးကာရန် ငွေကြေးထောက်ပံ့ခဲ့သော ကုမ္ပဏီနှစ်ခုဖြစ်သည့် ကမ္ဘောဇအုပ်စု (KBZ) နှင့် မက်စ်မြန်မာ (Max Myanmar)တို့ကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးရန်နှင့် လိုအပ်ပါက လူသားမျိုးနွယ်စုအပေါ် ကြီးမားစွာကျူးလွန်ခဲ့မှုတွင် ဝင်ရောက်ကူညီပေးမှုနှင့် ၎င်းတို့နှစ်ဖွဲ့ကို တရားစွဲဆို အရေးယူဖို့ တိုက်တွန်းထားသည်။

တပ်မတော်ကို မြန်မာ့စီးပွားရေး ဘဝက ဖယ်ရှားရန် လုပ်ရပ်နှစ်ရပ်ကို ပြိုင်တူလုပ်ဆောင်ရမည်ဟု ယင်းမစ်ရှင်၏ ဥက္ကဌ မာဇူကီးဒါရူစမန်းက ဆိုသည်။

တပ်မတော်ကို စီးပွားရေး အထီးကျန်ဖြစ်စေရန် လုပ်ဆောင်သည့်အပြင် မြန်မာနိုင်ငံရှိတပ်မတော် မဟုတ်သော ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေ အဆက်အသွယ်များကို မြှင့်တင်ပေးရမည်ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယခုအစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်က စက်တင်ဘာလ၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်သွင်းသွားမည်ဖြစ်သည်။

မြန်မာ့တပ်မတော်ကို စစ်လက်နက်နှင့်ဆက်စပ်ပစ္စည်းများ ရောင်းချနေသော နိုင်ငံများနှင့်ကုမ္ပဏီများမြန်မာ့တပ်မတော်ကို စစ်လက်နက်နှင့်ဆက်စပ်ပစ္စည်းများ ရောင်းချနေသော နိုင်ငံများနှင့်ကုမ္ပဏီများ
Page 2 of 2

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သား ကိုအောင်ပြည့်စုံ ပိုင်ဆိုင်ထားသော ကုမ္ပဏီများကိုပါ အရေးယူရန် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့က ယနေ့ထုတ်ပြန်သည့် မြန်မာစစ်တပ်၏အကျိုးစီးပွားများဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာ၌ ကိုအောင်ပြည့်စုံ အစုရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသော Sky One Construction ကုမ္ပဏီလည်း ပါဝင်သည်။

Sky One Construction ကုမ္ပဏီလီမိတက်ကို ၂၀၁၃ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် စတင်မှတ်ပုံတင်ခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင်များမှာ ကိုအောင်ပြည့်စုံနှင့် ကိုမောင်မောင်နိုင်တို့ ဖြစ်သည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA)တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက် (MEHL) ၊ မြန်မာ့စီးပွားရေးကော်ပရေးရှင်း (MEC) များ၏လက်အောက်ခံ စီးပွားရေးလုပ်ငန်းများသည် တပ်မတော်ခေါင်းဆောင်များ၏ မိသားစုဝင်များနှင့် ဆက်စပ်လျက်ရှိကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် သူသည် အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီတွင် ကြီးမားသော အစုရှယ်ယာကိုလည်း ပိုင်ဆိုင်ထားသည်ဟု စွပ်စွဲခံထားရသူဖြစ်သည်။ ထိုအာမခံကုမ္ပဏီမှာ တပ်မတော်အဖွဲ့ဝင်များအားလုံး အာမခံ မထားမနေရ ထားရသော MEC၏လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သည်။

ထို့ပြင် ကိုအောင်ပြည့်စုံသည် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပရေးရှင်း(MEC)နှင့် ဗီယက်နမ်ဆက်သွယ်ရေးကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်းထားသော Mytel ဆက်သွယ်ရေး ကုမ္ပဏီတွင် ကြီးမားစွာ ရင်းနှီးမြုပ်နှံထားကြောင်း အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဦးအောင်ပြည့်စုံသည် ဖခင်ဖြစ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ၎င်းကိုယ်တိုင်သို့မဟုတ် ၎င်း၏ဇနီးအမည်ဖြင့် Yangon ပန်းချီပြခန်းနှင့် စားသောက်ဆိုင်လုပ်ငန်း၊ ရောင်းဝယ်ရေး၊ ဆေးရုံသုံးစက်ပစ္စည်း၊ ဆောက်လုပ်ရေး၊ ဟိုတယ်လုပ်ငန်း စသည့် လုပ်ငန်းများနှင့်ပတ်သက်သော ကုမ္ပဏီ အနည်းဆုံး ခြောက်ခု ထူထောင်ခွင့် ရခဲ့သည်။

စစ်တပ်၏ စီးပွားရေးအဆက်အသွယ်များကို ဖော်ထုတ်ကာ ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများနှင့် လက်နက်ရောင်းချမှုများကို ပိတ်ဆို့ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်က ယနေ့ ထုတ်ပြန်လိုက်သည်။

ယင်းအပြင် မြန်မာ့တပ်မတော်နှင့်တပ်က ထိန်းချုပ်၍ အားကိုးအားထားပြုသော ကုမ္ပဏီကွန်ရက်ပေါင်းများစွာတို့နှင့် အဆက်အသွယ်ဖြတ်ရန် နိုင်ငံတကာ အစိုးရများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ လုပ်ငန်းများကို ယင်းထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

Leave a Reply