(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ်လွှတ်တော်တွင်း လွှတ်တော်အမတ်များမေးမြန်းချက်များကို တပ်မတော်သားကိုယ်စားလှယ်က ပြန်လည်ဖြေကြားပေးနေစဉ်)

မွန်ပြည်နယ်တွင် တပ်သိမ်းမြေအချို့ ပြန်လည် စွန့်လွှတ်မှု ရှိသော်လည်း သံဖြူဇရပ်မြို့နယ်၌ စွန့်လွှတ် ခဲ့သည့် တပ်သိမ်းမြေများမှာ ပိုင်ရှင်များ မရှိခြင်းကြောင့် လယ်ပိုင်ရှင်များ လက်ထဲသို့ မြေများ မလွွှဲပြောင်းနိုင်သေးကြောင်း မွန်ပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်က ပြောသည်။

(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ်လွှတ်တော်တွင်း လွှတ်တော်အမတ်များမေးမြန်းချက်များကို တပ်မတော်သားကိုယ်စားလှယ်က ပြန်လည်ဖြေကြားပေးနေစဉ်)
(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ်လွှတ်တော်တွင်း လွှတ်တော်အမတ်များမေးမြန်းချက်များကို တပ်မတော်သားကိုယ်စားလှယ်က ပြန်လည်ဖြေကြားပေးနေစဉ်)

မွန်ပြည်နယ်တွင် တောင်သူ ၄၃၄ ဦးထံ သိမ်းဆည်း ထားသော တပ်သိမ်းမြေယာ ၃၇၂၃ ဒသမ ရ၄ဝ ဧကကို ပြန်လည်ပေးအပ် ခဲ့ကြောင်းနှင့် သံဖြူဇရပ်မြို့နယ်တွင် တပ်စွန့် လွှတ်မြေ ၉ ဒသမ ၉ ဧက ရှိကြောင်း ၎င်းက ပြောဆိုသည်။

“ဒါက ဗဟို လယ်ယာမြေ စီမံ ခန့်ခွဲရေးကော်မတီကနေ ပြန်ပေးဖို့ ဆုံးဖြတ်ချက် ချတာ၊ အမှန်သိမ်းထားတာက ဒီထက် ဆယ်ဆလောက် ရှိတယ်၊ ဥပမာ ဒါက အသုံး မလိုလို့ ပြန်ပေး တာနော်၊ အသုံးလိုလို့ သိမ်းထား တာက ဧက သောင်းကျော်ရှိပါတယ်”ဟု ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိန်မြင့်က ပြောသည်။

၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့ မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ၏ သတင်း ထုတ်ပြန်ချက် အရ၊ ကျိုက်ထိုမြို့နယ်တွင် စွန့်လွှတ်မြေဧက ၁၅ဝ ဧကကို တောင်သူ ၅၃ ဦးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ယင်း ထုတ်ပြန်ချက် အရ သိရသည်။

Leave a Reply