Advertisements

တမလွန်ဘဝဆိုတာ ရူပဗေဒသဘောတရားအရ မဖြစ်နိုင်လို့ တမလွန်ဘဝဆိုသည်မှာ မရှိကြောင်း သိပ္ပံပညာရှင်တစ်ဦးက ပြောဆိုလိုက်ပါတယ်။

အသေးစိတ်တစ်ဆုံးနှိုက်ပြီးလေ့လာပြီးတဲ့နောက်မှာ ရူပဗေဒပညာရှင် ရှန်ကာရိုးက နောက်ဘဝရှိဖို့ဆိုရင် လူသားရဲ့ အသိစိတ် သို့မဟုတ် နာမ်ခန္ဓာဟာ ရုပ်ခန္ဓာကို လုံးဝခွာပြီးနေလို့ရမှ ဖြစ်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသေအချာလေ့လာကြည့်တော့ နာမ်ခန္ဓာဟာ ရုပ်ခန္ဓာမရှိဘဲ မဖြစ်တည်နိုင်ပါဘူး။

အသိစိတ် (ဝါ) နာမ်ခန္ဓာဆိုတာကလည်း အက်တမ်တွေ၊ အီလက်ထရွန်တွေ ဖြစ်ခြင်းပျက်ခြင်းဖြစ်ပြီး အဲဒါကြောင့်ပဲ ကျွန်တော်တိုရဲ့ စိတ်ဖြစ်လာတာလို့ သူကဆိုပါတယ်။

စကြာဝဠာရဲ့ နိယာမတရားအရ အဲဒီ အက်တမ်တို့၊ အီလက်ထရွန်တို့ဆိုတာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီး မရှိတော့ရင် ဆက်ပြီး မဖြစ်တည်နိုင်ဘူး။
‘အသိစိတ် သိုမဟုတ် နာမ်ခန္ဓာသည် ကျွနု်ပ်တို့၏ ရုပ်ခန္ဓာကြီး ပုပ်သိုးဆွေးမြည့်သေဆုံးသွားပြီးနောက် ဆက်ရှိနေသေးသည်ဆိုသည့် ယူဆချက်များရှိပါသည်။

ထိုယူဆချက်များအတွက် အဟန့်အတားတစ်ခုရှိနေသည်။ ထိုအဟန့်အတားမှာ ရူပဗေဒနိယာမ သဘောတရားများပင် ဖြစ်သည်။ အဆိုပါ နိယာမသဘောတရားအရ ကျွနု်ပ်တို့၏ ဦးနှောက်အတွင်း၌ သိုလှောင်ထားသော မှတ်ဉာဏ်များမှာ ကျွနု်ပ်တို့ သေလွန်ပြီးနောက် ဆက်၍ မရှိနိုင်ပါ’လို့ သူက Scientific American မှာ ရေးထားပါတယ်။

ကွမ်တမ်လမ်းကြောင်းသီအိုရီ (QFT) အရ ဒြပ်မှုန်တစ်ခုအတွက် လမ်းကြောင်းတစ်ခုရှိဖို့ လိုအပ်တယ်လို့ ဒေါက်တာ ကာရိုးက ဆိုပါတယ်။
ဒီသဘောတရားအရ ဖိုတွန်လို့ခေါ်တဲ့ အမှုန်တွေဟာ လမ်းကြောင်းသပ်သပ်၊ အီလက်ထရွန်လို့ခေါ်တဲ့ အမှုန်တွေက လမ်းကြောင်း သပ်သပ်စီရှိကြပါတယ်။
သေလွန်ပြီးနောက် တမလွန်ဘဝမှာ ဆက်ရှင်ဖို့ဆိုရင် အဲဒီကွမ်တမ်လမ်းကြောင်းတွေမှာ ‘ဝိညာဉ်မှုန်’ ‘ဝိညာဉ်စွမ်းအား’ ဆိုတာ ရှိဖို့ လိုတယ်လို့ သူက ဆိုလိုက်ပါတယ်။ ဒါတွေကလည်း တကယ်တော့ မရှိပြန်ပါဘူး။

‘အကယ်၍ အက်တမ်တို့၊ ကျွန်တော်တို့သိပြီးသား စွမ်းအားတို့ကလွဲပြီး အခြားအရာတွေ မရှိဘူးဆိုလျှင် သေလွန်ပြီးနောက် ဝိညာဉ်က ဆက်လက်ရှင်သန်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ။ သို့ဖြစ်ရာ သေပြီးနောက် တမလွန်ဘဝရှိသည်ဟု ယုံကြည်မှုကို မှန်ကန်ကြောင်း သက်သေပြလိုလျှင် ရုပ်ဝတ္ထုသဘောတရား ရူပဗေဒသဘောထက် ပိုလွန်သော ရူပဗေဒသဘောတစ်ခု လိုအပ်မည်ဖြစ်ပါသည်’ လို့ သူကဆိုပါတယ်။

Source: Metro

Advertisements
<

Leave a Reply