ဆေးဆိုင်တစ်ဆိုင်တွင် သက်ဆိုင်ရာက စိစစ်လေ့လာစဉ်။

မော်လမြိုင် နိုဝင်ဘာ

မွန်ပြည်နယ်အတွင်း တရားမဝင် ဆေးဝါးနှင့် သက်တမ်းလွန် ဆေးဝါး ရောင်းချနေမှုအပေါ် သုံးနှစ်ခန့်အတွင်း ကျေးလက်ပါမကျန် ပညာပေးလုပ်ငန်းများလုပ်ဆောင်ပြီးဖြစ်၍ ဥပဒေချိုးဖောက်သည့်ဆိုင်များတွေ့ရှိပါက တရားစွဲဆိုသည့်နည်းလမ်းဖြင့်အရေးယူတော့မည်ဟု ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးနိုင်က ပြောဆိုသည်။

ယင်းတို့ကို စိစစ် တွေ့ရှိပါက  စီမံခန့်ခွဲရေးနည်းလမ်းအရ ဆေးဆိုင်များကို ခံဝန်ကတိ လက်မှတ်ရေး ထိုးခိုင်းခြင်း၊ ပစ္စည်းသိမ်း၍ လိုင်စင် ပိတ်သိမ်းခြင်း တို့ကို ဆောင်ရွက်လျက်ရှိနေပြီး ထပ်မံချိုးဖောက်မှုလာပါက ထောင်ဒဏ် ၇နှစ်အထိ ကျခံရနိုင်သည့် အမျိုးသားဆေးဝါးဥပဒေဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ အရေးယူ တော့မည်ဟု ဒေါက်တာ စိုးနိုင်က ပြောခြင်းဖြစ်သည်။

ယခုနှစ်အတွင်း ဆေးဆိုင် နှစ်ဆိုင်အား တရားစွဲဆိုထားပြီးဖြစ်ကြောင်း ၎င်းထံမှသိရသည်။

လျှမ်းထက်

Leave a Reply