Advertisements

မော်လမြိုင်၊ ဇူလိုင်

မွန်ပြည်နယ်အတွင်း တရားမဝင် သစ်နှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ခိုးယူ သယ်ဆောင်မှုအတွက် ပြည်သူများ တိုင်ကြားနိုင်သော Hot Line ဖုန်းနံပါတ်များကို ဇွန် ၂၇ ရက်တွင် ပြည်နယ် သစ်တော ဦးစီးဌာနက ထုတ်ပြန် ကြေညာလိုက်သည်။

Hot Line ဖုန်းနံပါတ် ထုတ်ပြန်ရခြင်းမှာ ခိုးယူ သယ်ဆောင်မှု လျော့နည်းပပျောက်ရေးနှင့် ပြည်သူများ သတင်းပေး တိုင်ကြားနိုင်ရေးအတွက် စီစဉ်ရခြင်း ဖြစ်ကြောင်း မော်လမြိုင်- သထုံခရိုင် သစ်တောဦးစီးဌာန လက်ထေက်ညွန်ကြားရေးမှုုး ဦးမြင့်အောင်က ဟသ๎ာမီဒီယာသို့ပြောကြားသည်။

“ဖုန်းနဲ့ လှမ်းတိုင်လို့ ရတယ်၊ ပေးထားတဲ့ ဖုန်းနံပါတ်နဲ့ Group ဖွဲ့ထားတယ်၊ Messanger ကနေပို့လို့ရတယ် အဲ့ကနေ ကျန်တဲ့မြို့နယ်အားလုံးမှာပို့လည်း အကုန်ရောက်တယ်”ဟု ၎င်းက ဆိုသည်။

ထုတ်ပြန်လိုက်သည့် Hot Line ဖုန်းနံပါတ်များတွင် သစ်တောဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွန်ကြားရေးမှုုးရုံးမှ ၀၉ ၄၅၇၄၇၃၀၄၀၊ လက်ထောက်ညွန်ကြားရေးမှုုး (ပြည်နယ်ရုံး)မှ ၀၉ ၄၅၇၄၇၃၀၄၁၊ လက်ထောက်ညွန်ကြားရေးမှုုး (မော်လမြိုင်-သထုံခရိုင်ရုံး) ၀၉ ၄၅၇၄၇၃၀၄၂၊ ဦးစီးအရာရှိ (ပြည်နယ်ရုံး) ၀၉ ၉၇၄၂၇၉၅၅၄၊ ကျိုက်ထို ၀၉ ၄၅၇၄၇၃၀၄၄၊ ဘီးလင်း ၀၉ ၄၅၇၄၇၃၀၄၅၊ သထုံ ၀၉ ၄၅၇၄၇၃၀၄၆၊ ပေါင် ၀၉ ၄၅၇၄၇၃၀၄၇၊ မော်လမြိုင် ၀၉ ၄၅၇၄၇၃၀၄၈၊ ချောင်းဆုံ ၀၉ ၄၅၇၄၇၃၀၄၉၊ ကျိုက်မရော ၀၉ ၄၅၇၄၇၃၀၅၀၊ မုဒုံ ၀၉ ၄၅၇၄၇၃၀၅၁၊ သံဖြုုဇရပ် ၀၉ ၄၅၇၄၇၃၀၅၂နှင့် ရေးမြို့နယ်မှ ၀၉ ၄၅၇၄၇၃၀၅၃ တို့ ပါဝင်သည်။

ထိုကြောင့် ပြည်သူမျာအနေဖြင့် တရားမဝင် သစ်ခိုးထုတ်မှုနှင့် တောရိုင်း တိစ္ဆာန် အစိတ်းအပိုင်းများ သယ်ဆောင်မှုကို Hot Line ဖုန်းနံပါတ်မှ တဆင့် သတင်းပို့ တိုင်ကြားကြရန် သစ်တော ဦးစီးဌာနက တိုက်တွန်းထားသည်။

သတင်းပို့ တိုင်ကြားခြင်းကြောင့် သစ်တောပြုန်းတီးမှုနှင့် တရားမဝင် သစ်မှောင် ခိုသယ်ဆောင်မှုများကို ကာကွယ်ရာလည်း ရောက်နိုင်ကြောင်း ဦးမြင့်အောင်က ဆိုသည်။

မွန်ပြည်နယ် သစ်တော ဦိးစီးဌာနသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် သစ်တန်ချိန် ၃၄၄ ဒသမ ၅၀၀ တန် ဖမ်းဆီး ရမိထားပြီး၊ ယခုနှစ် ဘဏ္ဍာနှစ် ဇွန်လအထိတွင်မူ သစ်တန်ချိန် ၁၅၇ ဒသမ ၀၇၅၇ တန် ဖမ်းဆီး ရမိထားသည်။

Written by ဂေထော

Advertisements
<

Leave a Reply