အီးယူ  မတ် ၈

အဖွဲ့ဝင်နိုင်ငံပေါင်း ၂၈နိုင်ငံပါတဲ့ ဥရောပသမဂ္ဂအဖွဲ့ (EU) ဟာ မတ်လ ၈ရက်နေ့မှာ ကျင်းပတဲ့အစည်းအဝေးမှာ ဆော်ဒီအာရေဗျနိုင်ငံကို နာမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။

ဆော်ဒီနိုင်ငံဟာ အစ္စလာမ်ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့နေတယ် ဆိုတဲ့ တရားမဝင်ငွေကြေးစီးဆင်းမှုပြဿနာကြောင့် ယခုလို Blacklist စာရင်း အသွင်းခံရတာပဲ ဖြစ်ပါတယ်။

ဒီပြဿနာနဲ့ပတ်သတ်ပြီး ၂၀၁၉ အစပိုင်းကတည်းက စတင်ဆွေးနွေးခဲ့ပြီး ၂လကျော်အကြာမှာ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ချမှတ်ဖို့ အီးယူကိုယ်စားပြုတရားသူကြီးတွေနဲ့ တရားရေးဆိုင်ရာ ပညာရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို ရယူခဲ့တာဖြစ်ပါတယ်။

အီးယူကထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ ခုလို ဆုံးဖြတ်တာဟာ အကြမ်းဖက်မှုကြား မတရားခံနေရတဲ့ နိုင်ငံကပြည်သူတွေနဲ့ နစ်နာသူအားလုံးအတွက် တရားမျှတစွာရပ်တည်ခဲ့တာဖြစ်ပြီး အကြမ်းဖက်မှုကို ထောက်ခံအားပေးတဲ့ လုပ်ရပ်ကို ဖော်ထုတ်တွေ့ရှိခဲ့တာကြောင့် ဖြစ်တယ် လို့ ရေးသားထားပါတယ်။

နာမည်ပျက်စာရင်းသွင်းခံရပြီးနောက်ပိုင်းမှာ ဆော်ဒီနိုင်ငံဟာ အီးယူအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ အခြားမည်သည့် ရေးရာကိစ္စကိုမှ ဆက်စပ်လုပ်ကိုင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။

အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့နေတယ်ဆိုတဲ့ အဖြစ်ဟာ အလွန်စိတ်အနှောက်အယှက်ဖြစ်စရာကောင်းပြီး အီးယူအနေနဲ့ လက်ခံစရာမရှိဘူးလို့ အီးယူကော်မရှင်အဖွဲ့ဝင် ဗာရာဂျာရိုဗာက ပြောပါတယ်။

အီးယူအဖွဲ့ရဲ့ အရေးယူဆောင်ရွက်မှုဟာ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့နေတဲ့ ကိစ္စအပြင် အလားတူ ကိစ္စမျိုးကို ပိုပြီးထင်ရှားလာအောင် ထောက်ပြသလိုဖြစ်ခဲ့တယ်လို့ သူမက ပြောပါတယ်။

CNA

Leave a Reply