မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၁ ။ ။ မွန်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး ကိစ္စများ ကို ရေးသားထားသည့် “အလင်းတံခါး”| အမည် ရှိ စာအုပ် ကို မွန်လူငယ်ပညာပေးအဖွဲ့(MYEO)မှ အခမဲ့ ဖြန်ဝေသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ မှ စီမန်ခန့်ခွဲမှု ဒါရိုက်တာ မင်းစိုးမြင့်က ပြောကြားသည်။
ပြည်သူလူထုများ ဥပဒေနဲ့ ပတ်သက်ပြီး ကိုယ်နှင့်မသက်ဆိုင်သလို ခံစားနေကြကြောင်း၊ ဥပဒေဆိုတာ ရှေ့နေများနှင့် တရားသူကြီးများကသာ သက်ဆိုင်နေသည့်ကို ပြည်သူများက ယူဆနေပါကြောင်း ၎င်းက ပြောဆိုသည်။
တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲများ၊ သင်တန်းများ တတ်နိုင်သလောက် ပြုလုပ်ပေးမည်ဖြစ်ပြီး ပြည်သူများနှင့် ထိတွေ့ဆက်ဆံပြီး အမှုပြဿနာများကိုလည်း ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မင်းစိုးမြင့်က ပြောသည်။
ပထမအကြိမ်တွင် မွန်ပြည်နယ်ရှိ လယ်ယာမြေများနှင့် ပတ်သတ်သည့် အချက်အလက်စစ်တမ်း များကို အစီရင်ခံစာပုံစံသဘောဖြင့် စာအုပ်ထုတ်ဝေခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ်တွင် ‘အလင်းတံခါး’စာအုပ်ကို ဆောင်းပါးပုံစံရေးသားကာ အခမဲ့ထုတ်ဝေခြင်းဖြစ်သည်။