ပေကျင်း
ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ လူနာ ၈၃၀ ဦး ရှိပြီး ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၂၅ ဦး အထိမြင့်တက်လာကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က သောကြာနေ့ (ဇန်နဝါရီ ၂၄) တွင် အတည်ပြုပြော ကြားခဲ့သည်။
အာဏာပိုင်များကလည်း ဗိုင်းရပ်စ်ကူးစက်မှုဟု သံသယရှိသူ ၁ဝ၇၂ ဦး ကိုလည်းစစ်ဆေးနေကြောင်းသိရသည်။
ဗိုင်းရပ်စ်သည် Hubei ပြည်နယ်ရှိ Wuhan မြို့တွင်စတင်ဖြစ်ပွားခဲ့ပြီး ပေကျင်း၊ ရှန်ဟိုင်းနှင့်ဟောင်ကောင်အပါအဝင်အခြားမြို့ကြီးများသို့လည်းပျံ့နှံ့ခဲ့သည်။
စင်ကာပူ၊ ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဗီယက်နမ်နှင့် အမေရိကန် တို့တွင်လည်း ရောဂါဖြစ်ပွားမှုများတွေရှိခဲ့ကြောင်း အတည်ပြုထားသည်။
CONFIRMED CASES
Places | Confirmed Cases | Reported Deaths |
---|---|---|
China | 830 | 25 |
Thailand | 4 | 0 |
Hong Kong | 2 | 0 |
Japan | 2 | 0 |
Macau | 2 | 0 |
South Korea | 2 | 0 |
Vietnam | 2 | 0 |
Singapore | 1 | 0 |
Taiwan | 1 | 0 |
United States | 1 | 0 |
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၎င်းရောဂါဖြစ်ပွားမှုကို“ တရုတ်နိုင်ငံတွင်အရေးပေါ်အခြေအနေ”အဖြစ်ကြာသပတေးနေ့က သက်မှက်ခဲ့သည်။
အမျိုးသားကျန်းမာရေးကော်မရှင်က ကြာသပတေးနေ့တွင် သေဆုံးမှု ၈ ခုထိ ထပ်မံဖြစ်ပွားခဲ့ပြီး သေဆုံးသူဦး ရေသည်ပြန်လည်မြင့်တက်ခဲ့ကြောင်းဆိုသည် ။
ရောဂါဖြစ်ပွားမှုပေါင်း ၈၃၀ တွင် ၁၇၇ မှုသည်ဆိုးရွားသည့်အခြေအနေတွင်ရှိကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။ လူပေါင်း ၃၄ ယောက်ကိုသာ ပျောက်ကင်းအောင်ကုသနိုင်သေးသည်။
လူဦးရေ ၁၁ သန်းရှိသော ဝူဟမ်းမြိို့တွင် ဒေသန္တရအစိုးရသည် ကြာသပတေးနေ့၌ လေယာဉ်ပျံသန်းမှုအပါအဝင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအများစုကို ယာယီရပ်ဆိုင်းခဲ့ပြီး လူများကိုမြို့အတွင်းမှမထွက်ခွာရန်ပိတ်ပင်ခဲ့သည်။
နာရီပိုင်းအကြာတွင်လူဦး ရေ ၇ သန်းခန့်ရှိသောအိမ်နီးချင်း Huanggang ကိုလည်း အလားတူ အစီအစဉ်များကိုကြေငြာခဲ့သည်။
ဘေဂျင်းရှိ WHO ၏ကိုယ်စားလှယ် Gauden Galea က “လူ ၁၁ သန်းကိုပိတ်ပင်ထားမှုဟာ ပြည်သူ့ကျန်းမာရေးသမိုင်းမှာမကြုံစဖူးပါပဲ” ဟုပြောကြားခဲ့သည်။
ဝူဟမ်ဗိုင်းရပ်စ်ပိုးသည် Wuhan ရှိ တရားမ၀င်ရောင်းဝယ်သော တိရစ္ဆာန်စျေးကွက်တွင်းရှိ တောရိုင်းတိရစ္ဆာန်များတဆင့်မှထွက်ပေါ်လာသည်ဟု ယုံကြည်ရသည်။
အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ပျံ့နှံ့နိုင်သည့်ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမရှိသေးဘဲ ရောဂါလက္ခဏာများမှာ အဖျားတက်ခြင်း၊ အသက်ရှုကြပ်ခြင်းနှင့်ချောင်းဆိုးခြင်းတို့ဖြစ်သည်။
CNA