Advertisements

ပဲရစ် ဖေဖော်ဝါရီ ၈

တရုတ်နိုင်ငံမှာ ဈေးကြီးပေးဝယ်ရတဲ့ ထုတ်ကုန်တွေဟာ နာမည်ကြီးပြီး လူကြိုက်များလေ့ရှိပါ တယ်။ အဲဒီ ထုတ်ကုန်တွေထဲမှာ ပြင်သစ်နိုင်ငံထုတ် အလှကုန်ပစ္စည်းတွေလည်းပါဝင်ပါတယ်။ လူကြိုက်အများဆုံးကတော့ L’Oreal အမှတ်တံဆိပ် အလှကုန်တွေပဲဖြစ်ပါတယ်။

ဒီအလှကုန်တွေရဲ့ ၂၀၁၈ခုနှစ်အတွင်းရောင်းရနှုန်းဟာ လွန်ခဲ့တဲ့ လေးနှစ်အတွင်းကရောင်းအားနဲ့ အံ့အားသင့်ဖွယ် သွားတူနေပါတယ်။

Advertisements
data-language="en"

ပြင်သစ်အလှကုန်တွေဟာ ဈေးကွက်ထဲမှာ မြန်မြန်ဆန်ဆန်နေရာယူနိုင်ပြီး ရေရှည်တည်တံ့တာကြောင့် ထိပ်တန်းမှာရပ်တည်နိုင်နေတာ မဆန်းဘူးလို့ L’Orealရဲ့ စီအီးအို ဂျင်းစ်ပေါလ်အန်ဂွန်က ပြောပါတယ်။

အခု ၂၀၁၉မှာတော့ ဈေးကွက်ကို ပိုမို လူသိများအောင်လုပ်သွားမှာဖြစ်ပြီး အာရှမှာ နာမည်ကျော်ကြားတဲ့ အွန်လိုင်းအသုံးပြုပြီးဈေးကွက်ဖြန့်ချိခြင်းကို အားစိုက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၉ရဲ့ ရောင်းအားကို တော့ အရင်နှစ်ရဲ့ နှစ်ဆဖြစ်ဖို့အထိ ရည်ရွယ်ထားတယ်လို့ သူကရှင်းပြပါတယ်။

တရုတ်ပြည်တွင်းနေထိုင်သူတွေဟာ သူတို့ရဲ့ ဝင်ငွေထက်ပိုတဲ့ ပမာဏကို အလှကုန်ပစ္စည်းအတွက် အသုံးပြုလေ့ရှိကြတယ်လို့ L’Orealဘက်က ပြုလုပ်တဲ့စစ်တမ်းအရ သိရပါတယ်။ အထူးသဖြင့် တရုတ်အမျိုးသမီးတွေရဲ့ အလှကုန်ပစ္စည်းအပေါ်စိတ်ဝင်စားမှုနှုန်းဟာ အနောက်နိုင်ငံတွေထက် သာလွန်တာ ကြောင့် တရုတ်မှာ ဈေးကွက်ကို ဖြန့်ကျက်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စီးပွားရေး သီအိုရီတစ်ခုဖြစ်တဲ့ ဝင်ငွေရှိသူတွေရဲ့ အသုံးစားရိတ်ဟာ သူတို့ လစာထက်နည်းနေသည့် တိုင်အောင် ပေးဆောင်ရမဲ့ငွေပမာဏဟာ ဆုံးရှုံးလေ့မရှိဘူးဆိုတဲ့အတိုင်း အလှကုန်ပစ္စည်းတွေကို ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျနဲ့ အကြွေးကတ်တို့နဲ့ လွယ်လွယ်ကူကူ ဝယ်လို့ရအောင် လုပ်ဆောင်ပေးနိုင်ခဲ့တာက L’Orealကုမ္ပဏီရဲ့ ရောင်းအားတစ်ရှိန်ထိုးတက်လာရခြင်းရဲ့ လျှို့ဝှက်ချက် ဖြစ်ပါတယ်။

အာရှပစိဖိတ်ဒေသအတွင်းမှာ တရုတ်နိုင်ငံရဲ့ ပြင်သစ်အလှကုန်ပစ္စည်းတွေအပေါ် ဝယ်လိုအားဟာ တင်ပို့ကုန်တွေရဲ့ ၈၅ရာခိုင်နှုန်းရှိပြီး တရုတ်ပြည်တွင်း တင်ပို့ကုန်ရဲ့ ၂၄ဒဿမ၁ရာခိုင်နှုန်းကတော့ L’Oreal ကုမ္ပဏီကထုတ်တဲ့ အလှကုန်တွေပဲဖြစ်ပါတယ်။

CNBC

Leave a Reply