Advertisements

ပေကျင်း ဖေဖော်ဝါရီ ၁၅

အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်ထိပ်တန်း တာဝန်ရှိသူများ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။

တရုတ်သွင်းကုန်ပစ္စည်းများအတွက် ဝါရှင်တန်က အခွန် စတင်ကောက်ခံမည့် မတ်လဆန်းမတိုင်မီ နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုတစ်ရပ် ရရှိရန် နှစ်နိုင်ငံတာဝန်ရှိသူများအနေဖြင့် အစွမ်းကုန်ကြိုးပမ်းကြမည် ဖြစ်သည်။

Advertisements
data-language="en"

ထို့ပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လိုက်သီဇာနှင့် ဘဏ္ဍာရေးဝန်ကြီး စတင်ဗင် မျူချင်တို့အပါအဝင် ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် ယခုအစည်းအဝေးတွင် အမှန်တကယ် ကြိုးပမ်းကြမည်ဆိုပါက နှစ်ဦးနှစ်ဖက် အကျိုးရှိပြီး စစ်မှန်သော သဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာမည်ဖြစ်ကြောင်း အမေရိကန် သမ္မတထရန့်က ဖေဖော်ဝါရီ ၁၄ရက်တွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

ဒီဇင်ဘာလတွင် သမ္မတထရန့်က တရုတ်သွင်းကုန်ပစ္စည်းများကို ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်ကောက်ခံမှုကို ယာယီရပ်ဆိုင်းထားပြီး နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုရရှိရေးအတွက် ညှိနှိုင်းရန်အချိန် သုံးလခွင့်ပြုခဲ့သည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့တွင် ကုန်သွယ်ရေးကဏ္ဍ၌ နှံ့စပ်ကျွမ်းကျင်သူ ဒုတိယဝန်ကြီးချုပ် လွိုင်ဟေးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ယီဂန်းတို့ ပါဝင်မည် ဖြစ်သည်။

အဆိုပါနှစ်နိုင်ငံ ကုန်သွယ်ရေးကိုယ်စားလှယ်များသည် လွန်ခဲ့သောလက ဝါရှင်တန်မြို့တွင် တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ သို့သော် ကုန်သွယ်ရေးသဘောတူညီချက်ကို ချမှတ်နိုင်ခြင်း မရှိခဲ့ပေ။

တရုတ်နိုင်ငံက အမေရိကန်၏သွင်းကုန်ပစ္စည်းများကို ယခင်ကထက် ပိုမိုဝယ်ယူရန် ကမ်းလှမ်းထားကြောင်း သိရသည်။

ယခုအချိန်အထိ နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃၆၀ ဘီလီယံကျော် အခွန်အခကောက်ခံထားပြီးဖြစ်သည်။ အဆိုပါ အခွန်အခနှုန်းသည် နှစ်နိုင်ငံထုတ်လုပ်ရေးကဏ္ဍများအပေါ် ချိန်ဆတွက်ချက်နိုင်ပြီး ကမ္ဘာ့စီးပွားရေးဈေးကွက်ကို လှုပ်ခတ်စေခဲ့သည်။

AFP

Leave a Reply