Advertisements

မော်လမြိုင် ဇန်နဝါရီ

တရုတ်နှစ်သစ်ကူးပွဲတော်ကာလဖြစ်သောကြောင့် မွန်ပြည်နယ်၊ မော်လမြိုင် ဈေးကွက်တွင် တရုတ်ရိုးရာပစ္စည်းများ အရောင်းသွက်နေကြောင်း မြိုင်ရတနာလေးထပ်ဈေးရှိ ကုန်မျိုးစုံ လက်လီလက်ကား ရောင်းဝယ်ရေးဆိုင်များထံမှ သိရသည်။

ဖေဖော်ဝါရီလတွင် တရုတ်ရိုးရာအစဉ်အလာအရ ဘိုးဘွားများကို ကန်တော့သည့်ပွဲ ပြုလုပ်ကြသောကြောင့် အိမ်တွင်းအလှဆင်မီးပုံးများလည်း ရောင်းအားကောင်းနေကြောင်း ပြောသည်။

Advertisements
data-language="en"

“ဒီဖေဖော်ဝါရီလဆိုရင် သူတို့တရုတ်ရိုးရာအတိုင်း ဘိုးဘွားတွေကို ကန်တော့ကြတယ်၊ အဲဒီတော့ ပွဲမရောက်ခင်ကတည်းကဝယ်နေကြတော့ ရိုးရာပစ္စည်းတွေ၊ မီးပုံးတွေက ရောင်းအားကောင်းတာပေါ့”ဟု ၎င်းင်းက ပြောသည်။

လက်ရှိတွင် ရောင်စုံမီးပုံးတစ်လုံးလျှင် ၁ဝဝဝ ကျပ် မှ ၁၅ဝဝဝ ကျပ်၊ ရွှေရောင်နှင့် အနီရောင် အန်ပေါင်းအိတ် တစ်အိတ်လျှင် ကျပ် ၇ဝဝ မှ ၁၁ဝဝ ကျပ်၊ အလှဆင်မီးသီး တစ်ဘူးလျှင် ၄၂ဝဝ ကျပ်၊ အလှစတေကာ တစ်ခုလျှင် ၁၅ဝဝ ကျပ် ၊ အလှဆင်ပစ္စည်း တစ်ခုလျှင် ၁၅ဝဝကျပ်မှ ၁၂ဝဝဝ ကျပ်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်တွင် တရုတ်နှစ်သစ်ကူးပွဲတော်အတွက် တရုတ်ဘုရားကျောင်းများသာမက အိမ်နှင့်ဆိုင်များတွင်လည်း မီးပုံးနှင့် စတေကာအလှဆင်မှုများ ပိုမိုများပြားလာကြောင်း မော်လမြိုင် အောက်ဈေးရှိ ကုန်ပစ္စည်း လက်လီလက်ကားရောင်းဝယ်သူ ဒေါ်အေးကြူကပြောသည်။

“ဒီပွဲတော်က တရုတ်လူမျိုးတွေအတွက် တစ်နှစ်ပတ်လုံးမှာ အရေးကြီးတဲ့ ပွဲတော်တစ်ခုဖြစ်တယ်၊ မီးပုံးတွေချိတ်ဆွဲ၊ အန်ပေါင်းတွေပေး၊ ဗျောက်အိုးတွေ ဖောက်ပြီး သောင်းသောင်း ဖြဖြကြိုဆိုကြတယ်၊ ဘုရားကျောင်းတွေတင် မဟုတ်တော့ဘူး၊ အိမ်တွေဆိုင်တွေမှာပါ လုပ်လာကြတာ”ဟု ၎င်းက ပြောသည်။

ယခင်နှစ်များတွင် အလှဆင်မီးပုံး၊ မီးလုံးနှင့် အန်ပေါင်းအိတ်များသာ အဝယ်များသော်လည်း ယခုနှစ်တွင် အလှဆင် စတေကာ နှင့်အလှဆင်ပစ္စည်းများလည်း ဝယ်ယူမှုများလာပြီး တစ်နှစ်ထက်တစ်နှစ် ရောင်းအားတက်လာ
ကြောင်း ဆက်လက်ပြောသည်။

တရုတ်ရိုးရာ ဘိုးဘွားကန်တော့ပွဲကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် အခမ်းနားဆုံးတွေ့ရပြီး ထိုင်း၊ မကာအို၊ စင်ကာပူနှင့် ထိုင်ဝမ်တို့၌လည်း ကျယ်ပြန့်စွာ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ထိုက်ထိုက်

Leave a Reply