Advertisements

မော်လမြိုင် စက်တင်ဘာ

တရုတ်မှ ဝယ်ယူလျက်ရှိသော 855 ဖရဲအကြားသီးများ ယခုနှစ်တွင် ဈေးကောင်းရနေကြောင်း ဘီးလင်းမြို့နယ်မှ ဖရဲစိုက်တောင်သူများက ပြောသည်။

လက်ရှိတွင် 855 ခေါ် ဖရဲအကြားသီး တစ်တန်လျှင် တရုတ်ယွမ်ငွေ ၃၆၀၀ (မြန်မာကျပ် ၈၀၀၀၀၀ ကျော်) အထိပေါက်ဈေးရှိပြီး ၁၇ တန်ကား တစ်စီးလျှင် သိန်း ၁၀၀ ကျော်ရနိုင်မည်ဟု ဘီးလင်းမြို့နယ် လေးကေရွာမှ ဖရဲစိုက်တောင်သူ ကိုအောင်ကျော်ဝင်းကပြောသည်။

“စိုက်တာကတော့ တရုတ်ကိုပဲ ရည်ရွယ်ပြီးစိုက်တယ်။ အခုလောလောဆယ်ဈေးကောင်းနေပါတယ်” ဟု ၎င်းက ဆိုသည်

ယခုနှစ်တွင် အထွက်နှုန်းလည်းကောင်း၍ တစ်ဧက ၁၃ တန်ခန့်ထွက်ရှိကြောင်းနှင့် နောင် နှစ်ပတ်ကြာလျှင် ခူးဆွတ်၍ တရုတ်သို့ တင်ပို့နိုင်မည်ဟု ၎င်းကဆက်ပြောသည်။

ဘီးလင်းမြို့မှ တောင်သူမခင်ဇာဝေက “ဒီနှစ်က ငွေဈေးတက်တော့ ဖရဲသီးလည်း ဈေးပိုရနေတယ်”ဟု ၎င်းက ပြောသည်။

ယင်းအပြင် ဖရဲသီးမှာ ယခုနှစ်တွင် ငွေဈေးမြင့်၍ ဈေးကောင်းရနိုင်ကြောင်းနှင့် ယခင်နှစ်က တရုတ်မှ အဝယ်လက်မခံ၍ ပစ္စည်းရှုံးသည့်အပြင် ကားခစိုက်လျော်လိုက်ရသည်များလည်းရှိကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိမော်လမြိုင်ဈေးကွက်တွင် 211 ခေါ် ဒုံးကျည်သီးမှာ အရွယ်အစားအလိုက် တစ်လုံးလျှင် ၄၀၀ မှ ၁၀၀၀ ကျပ်၊ 855 ခေါ် ဖရဲအကြားသီးမှာ ၁၀၀၀ နှင့် ၂၃၀၀ ကြား ပေါက်ဈေးရှိသည်။

ယခုအခါ ဒေသအနှံ့ ဖရဲသီးများ လှိုင်လှိုင်ထွက်နေသဖြင့် မော်လမြိုင်တွင် ရောင်းအား ၆၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်း ရွှေသီးနှံ သစ်သီးရောင်းဝယ်ရေးမှ ဦးသက်ဇော်ကဆိုသည်။

တရုတ်ပို့မည့် 855 ဖရဲသီးများကို ဘီးလင်း၊ ကျိုက်ထိုနှင့် ကျိုက်မရောမြို့နယ်များတွင် စိုက်ပျိုးကြသည်ဟု ၎င်းကပြောသည်။

စန္ဒာဉာဏ်

Leave a Reply