ဝါရှင်တန် ဇွန် ၁၇

အမေရိကန်အစိုးရအနေနှင့် တရုတ်နိုင်ငံမှ တင်သွင်းလာသည့်ပို့ကုန်များကို အခွန်တိုးမြှင့်ကောက်ခံနေခြင်းကို ရပ်ဆိုင်းပေးရန် အမေရိကန်အခြေစိုက်ကုမ္ပဏီ ၆၆၁ခုက လက်မှတ်ထိုးကာစာပို့တောင်းဆိုခဲ့ကြသည်။

အဆိုပါစာတွင် အမေရိကန်ကုမ္ပဏီများအနေနှင့် အစိုးရကို တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲနေခြင်းထက် နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် သဘောတူညီမှုရအောင်လုပ်ဆောင်ပေးသင့်ကြောင်း တိုက်တွန်းအကြံပြုထားသည်။

နှစ်နိုင်ငံ အပြန်အလှန် အခွန်တိုးမြှင့်ခြင်းက နှစ်ဖက် စီးပွားရေးလုပ်ငန်းများကိုသာ ထိခိုက်စေပြီး အကျိုးမရှိသဖြင့် ရေရှည်တွင် နိုင်ငံစီးပွားရေးအထိ ထိခိုက်လာနိုင်ကြောင်း ဖော်ပြထားသည်။ အခွန်ကိစ္စကို အစိုးရအဖွဲ့သီးသန့်ဆုံးဖြတ်ခြင်းထက် ပြည်သူ၏ အကြံပြုမှုများကိုလည်း လက်ခံဆောင်ရွက်သင့်ကြောင်း ဖော်ပြသည်။

အဆိုပါစာကို အမေရိကန်ကုမ္ပဏီများက အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးမှတစ်ဆင့် အိမ်ဖြူတော်သို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

အမေရိကန်အစိုးရအနေနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏အကြံပြုချက်ကို လက်ခံစဉ်းစားပေးရန် မျှော်လင့်ကြောင်း အဖွဲ့ဝင် ကုမ္ပဏီတို့မှ တာဝန်ရှိသူများကပြောသည်။

အမေရိကန်အစိုးရက ကုန်သွယ်ခွန်စည်းကြပ်မှုမြှင့်တင်ခြင်းများအဖြစ်အမေရိကန်ဒေါ်လာဘီ လီယံ ၂၀၀ ဖိုးရှိတရုတ်နိုင်ငံမှသွင်းကုန်များအပေါ်တွင်မေလအတွင်းက ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း ထိ ကုန်သွယ်ခွန်တိုးမြှင့်ခဲ့သည်။

ထို့ပြင် အမေရိကန်သို့ တရုတ်နိုင်ငံကတင်ပို့နေသည့် အမေရိကန်ဒေါ် လာဘီလီယံ ၃၀၀ ဖိုးရှိအခြားသောကုန်ပစ္စည်းအားလုံးအပေါ်တွင်လည်းကုန်သွယ်ခွန်စည်းကြပ်မှုအား ၂၅ ရာခိုင်နှုန်းထိမြှင့်တင်စည်းကြပ်သွားမည် ဟု အမေရိကန်အစိုးရကခြိမ်းခြောက်ခဲ့သည်။

တရုတ်အစိုးရကလည်းအမေရိကန်၏လုပ်ေဆာင်မှုအပေါ်တုံ့ပြန်သောအားဖြင့် အမေရိကန်မှသွင်းကုန် များအပေါ် ဇွန်လ ၁ ရက်တွင် ကုန်သွယ်ခွန်စည်းကြပ်မှုမြှင့်တင်ခြင်းများပြန်လည်ပြုလုပ်ခဲ့သည်။

Ref: CNBC

Leave a Reply