Advertisements

တရုတ်အိန္ဒိယ နယ်စပ် ဒေါ့ခ်လမ်ဒေသနှင့် ပတ်သက်၍ ထိပ်တိုက်ရင်ဆိုင်ထိတွေ့မှုဖြစ်ပွားပြီး ရှစ်လအကြာတွင် အိန္ဒိယနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး ဆပ်ဘ်ဟက်ရှ် ဘာမရဲက တရုတ် အိန္ဒိယ နယ်စပ်ပြဿနာ တင်းမာမှု မြင့်တက်လာဖွယ်ရှိနေကြောင်း ပြောဆိုလိုက်သည်။

‘နယ်စပ်မျဉ်းတစ်လျှောက် အခြေအနေတွေက ထိလွယ်ရှလွယ်ဖြစ်ပါတယ်။ နယ်စပ်ကင်းလှည့်တာတွေ၊ ကျူးကျော်လာတာတွေ၊ ထိပ်တိုက်တွေ့တာတွေအထိ ဖြစ်လာနိုင်ပါတယ်’ ဟု ၎င်းက ပြောသည်။

နှစ်နိုင်ငံ နယ်စပ် ကီလိုမီတာ ၄၀၀၀ ကို နယ်စပ်မျဉ်းလို့ သတ်မှတ်ထားသည်။

တရုတ်နှင့် အိန္ဒိယတို့သည် တရုတ်ဘက်က လမ်းဖောက်သည့် ကိစ္စနှင့် ပတ်သက်ကာ ပြီးခဲ့သည့်နှစ် နွေရာသီက ဟိမဝန္တာအစွန်းရှိ ဒေါ့ခ်လမ်ဒေသတွင် ၇၂ ရက်ကြာ ထိပ်တိုက် ရင်ဆိုင်ထိတွေ့မှုများ ပေါ်ပေါက်ခဲ့သည်။

သတင်းရင်းမြစ်များကတော့ တရုတ်နိုင်ငံသည် ဒေါ့ခ်လမ်တွင် တပ်များကို ဆက်လက်နေရာချထားကာ အခြေခံအဆောက်အအုံများ ဆက်လက်တည်ဆောက်နေသည်ဟုဆိုသည်။

‘အခုအခါမှာ ကျွန်တော်တို့က လုံခြုံရေး ခြိမ်းခြောက်မှုတွေရှိတဲ့ အိမ်နီးချင်းနဲ့ ဆက်ဆံနေရပါတယ်။ နယ်စပ်ဒေသတစ်လျှောက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို ချိုးဖော်တာတွေရှိနေပါတယ်။ ဂျမ်မူနှင့် ကရှ်မီးယားမှားလည်း အဲဒီလိုပါပဲ’ ဟု ၎င်းက ပြောသည်။

ဒေါ့ခ်လမ်အရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ ထိပ်တိုက်တွေ့ဆုံမှုများအပြီး လအတန်ကြာတွင် နှစ်နိုင်ငံလုံးသည် နယ်စပ်တစ်လျှောက်တွင် စစ်အင်အားများတိုးချဲ့ချထားကြသည်။ လေ့လာသုံးသပ်သူများကတော့ အဆိုပါ အနေအထားသည် နောက်ထပ် ထိပ်တိုက်တွေ့မည့် အနေအထားအတွက် ပြင်ဆင်နေကြခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။

ပြီးခဲ့သည့်လ နှောင်းပိုင်းကဆိုလျှင် တရုတ်နိုင်ငံလေတပ်မှာ J-10 နှင့် J-11 တိုက်လေယာဉ်များသည် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သကဲ့သို့ အိန္ဒိယစစ်တပ်သည်လည်း ပြီးခဲ့သည့် နှစ်လယ်လောက်က Su-30 MKI စစ်လေယာဉ်များပါဝင်သော လေတပ်အခြေစိုက် စခန်းနှစ်ကိုကို ဒေါ့ခ်လမ်အနီးတွင်း တပ်ချထားခဲ့သည်။

Source: Times of India

Leave a Reply