တရုပ်လှကျွန်းတွင် ကျောက်စလစ်ရေထိန်းနံရံ မလုပ်နိုင်သေး

ဘားအံ အောက်တိုဘာ

ပြီးခဲ့သည့် ဇူလိုင် သြဂုတ်လများအတွင်း သံလွင်မြစ်ရေကြီးမှုြုဖစ်စဉ်ကြောင့် စေတီအပါအဝင် ကမ်းပါးများပြိုကျခဲ့ရသော ဘားအံမြို့နယ် တရုပ်လှကျွန်းတွင် ကျောက်စလစ်ရေထိန်းနံရံကို မတည်ဆောက်နိုင်သေးကြောင်း ကရင်ပြည်နယ် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက် ရေးဦးစီးဌာန ဒေသ (၁၁) ဘားအံရုံး လက်ထောက်ညွန်ကြားရေးမှူး စောထွန်ရှိန်းက အောက်တိုဘာလ ၃ရက်နေ့၌ ဟင်္သာမီဒီယာကို ပြော ကြားသည်။

လတ်တလောတွင် မျောတိုင်းများ ဝါးကပ်များဖြင့်ကာ၍ သဲအိတ်များဖြင့် ယာယီရေထိန်းစနစ်အထိသာ လုပ် ဆောင်ထားရှိကြောင်း သိရသည်။

“အဲဒီစေတီနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆီကို လာတင်ပြထားတာတော့ မရှိသေးဘူး၊ ဒါပေမဲ့ အစိုးရအဖွဲ့က လုပ်ဖို့ ညွန်ကြားထားတာတော့ ရှိတယ်”ဟု ၎င်းက ဆိုသည်။

ပြည်နယ်အစိုးရ၏ညွန်ကြားမှုတွင် လာမည့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၌ တင်ပြတောင်းခံပြီးမှသာ ခိုင်မာသည့် မြစ်ရေထိန်းနံရံ ပြုလုပ် နိုင် မည်ဖြစ်ကြောင်း၊ နွေရာသီ ရေနည်းပါးသွားချိန်၌သာ အကောင်အထည်ဖေါ်မှု ထိရောက်မှုရှိနိုင်မည်ဖြစ်ကြောင်း လက် ထောက်ညွန်ကြားရေမှူးက ဖြည့်စွက်ပြောသည်။

ယခု ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် တွင် ရေထိန်းနံရံဆောက်လုပ်ရန် အစိုးရရံပုံငွေ တင်ပြတောင်းခံရာ၌ မြဝတီမြို့၊ ဝေါလေ၊ ရွှေဂွမ်းတိုက်နယ် ၊ လှိုင်းဘွဲမြို့နယ် တို့ ဖြစ်ကြောင်း သိရသည်။

တရုပ်လှကျွန်း ကျေးရွာ ဆယ်အိမ်မှူး ဦးဖိုးတူးက မြစ်ရေတိုက်စားမှုကြောင့် နယ်မြေကျဉ်းမြောင်းသွားခဲ့ပြီးနေရာဒေသသစ်သို့ လူဦးရေ အများအပြား ရွှေ့ပြောင်းသွားခဲ့ကြကြောင်း ပြောသည်။

ဒေသခံတို့၏ လိုလားချက်နှင့်ပတ်သက်၍ တရုပ်လှကျွန်း ကျေးရွာခံ ဦးဖိုးတူးက ” အစိုးရက အခက်အခဲတွေအများကြီးရှိနေတယ်ဆိုတာလည်းကြားတယ် ။ ဒီအခက်အခဲတွေကြားထဲက ရေထိန်းနံရံတွေ လာဆောက်လုပ်ပေးမယ်ဆို တို့ပြည်သူတွေက အတိုင်းထက် အလွန် ဝမ်းသာတာပေါ့”ဟု ဆိုသည်။

တရုပ်လှကျွန်းသည် နှစ်ပေါင်း ၆၀ကျော်မျှကြာခဲ့ပြီး ကျွန်းပေါ်တွင် ကော့လှိုက်၊ ဝန်ကျန်၊ တရုပ်လှကျွန်းဟူကာ တည်ရှိခဲ့ပြီး အကျယ်အားဖြင့် ပတ်လည် ၄မိုင်ကျော်ခန့်ရှိ ကာ ဒေသခံများမှာ လယ်ယာကိုင်းကျွန်းစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။

စောအယ်လ်ဒီး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.