Advertisements

မော်လမြိုင်၊ ဇွန် ၅

တာဝန်ခံပေးမည့်သူရှိပါက ဘေးတွဲဆိုင်ကယ်များကို ဥပဒေအရ ချက်ခြင်းအရေးယူမည် ဖြစ်ကြောင်း မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ္ဋ်ဦးကပြောကြားသည်။

“ တာဝန်ခံမယ့်သူရှိရင် ကျွန်တော်တို့ကရှင်းတယ်၊ အခုချက်ခြင်း ဆင်းဖမ်းလို့ရတယ်၊ အခုချက်ခြင်းအရေးယူ လို့ရတယ်၊” ဟု ၎င်းကပြောသည်။

Advertisements
data-language="en"

ဇွန် ၄ ရက်ကပြုလုပ်တဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ တတိယတစ်နှစ်တာကာလတွင်း ဆောင်ရွက်ခဲ့မှုနှင့် ပက်သတ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်း ကယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါဘေးတွဲဆိုင်ကယ်များကို ချက်ခြင်းအရေးယူခွင့်ရှိသော်လည်း ပြည်သူတို့၏ အလုပ်အကိုင်ကို ထိခိုက်မည့် အရေး စိုးရိမ်သောကြောင့် မြန်မြန်ဆန်ဆန် အရေးမယူခြင်းဖြစ်ကြောင်း ၎င်း ကထပ်လောင်း ပြောကြားသည်။

“ဥပဒေအရလုပ်တယ် ဒါသည်တရားမဝင်ပါဘူး၊ အရေးယူရမယ့်အဆင့်မှာ ရှိပါတယ်၊ ဒါကြောင့် မြန်မြန်လေးဖြုတ်ပြီး မြန်မြန်လေးပြောင်းကြပါ” ဟု၎င်းကပြောသည်။

မွန်ပြည်နယ် ယာဉ်စည်းကမ်းလမ်းစည်း ကမ်း မလိုက်နာသော ယာဉ်များ အရေးယူရန်အတွက် လင်းယုန်စီမံချက်ကို သုံးလတာ စမ်းသပ်ကာလအထိလုပ်ဆောင်ခဲ့ပြီး ယင်းစမ်းသပ်လုပ်ငန်းသည် ၃၀ ရာခိုင်နှုန်းသာ အောင်မြင်ကြောင်း ဗိုလ်မှူးကြီး နေထွဋ်ဦး ကပြောကြားထားသည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၈၇၅မှု၊ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၄၆၈ဦး၊ သေဆုံးသူ ၃၄၆ဦး ထိရှိခဲ့သည်။

လျှမ်းထက်

Leave a Reply