တိမ်များကို အစ္စရေးတို့ခိုးသွားသဖြင့် အီရန်တွင် မိုးခေါင်ရခြင်းဖြစ်ဟု ဆို

အီရန်နိုင်ငံတွင် မိုးမရွာစေရန်အတွက် အစ္စရေးနိုင်ငံက ရာသီဥတုကို ထိန်းချုပ်ခဲ့သည် တစ်နည်းဆိုရသော တိမ်များကို ခိုးသွားသည်ဟု အီရန်နိုင်ငံ၏ ဗိုလ်ချုပ်တစ်ဦးက စွပ်စွဲခဲ့သည်။

အီရန်နိုင်ငံမှာ တိမ်ခိုးခံရမှုနှင့် ကြုံနေရကြောင်း အီရန်နိုင်ငံ၏ ကာကွယ်ရေးအဖွဲ့အကြီးအကဲ ဗိုလ်မှူးချုပ် ဂိုလမ် ရေဇ ဂျလာလီက သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲပြောကြားခဲ့သည်။

သို့သော် အီရန်နိုင်ငံ၏ မိုးလေဝသဆိုင်ရာ အကြီးအကဲကတော့ သူ့အဆိုကိုငြင်းချက်ထုတ်ခဲ့သည်။

‘အီရန်နိုင်ငံမှာ ရာသီဥတု ပြောင်းလဲမှုဖြစ်တာကို သံသယရှိပါတယ်။ ပြည်ပနိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုဟာ ရာသီဥတု ပြောင်းလဲမှုအပေါ် အများကြီး သက်ရောက်မှုရှိတယ်လို့ သံသယ ရှိပါတယ်’ ဟု ဗိုလ်မှူးချုပ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အီရန်နိုင်ငံ၏ သိပ္ပံနည်းကျ လေ့လာမှုကလည်း သူ၏ ပြောဆိုချက် မှန်ကန်ကြောင်း အတည်ပြုထားသည်ဟု ၎င်းက ဆိုသည်။

‘အစ္စရေးနဲ့ ဒေသတွင်း နောက်တစ်နိုင်ငံက ပူးပေါင်း အဖွဲ့တွေ ဖွဲ့ထားပါတယ်။ ပြီးတော့ အီရန်မှာ မိုးမရွာအောင်လို့ အီရန်နိုင်ငံရဲ့ ကောင်းကင်ပြင်ကို တိမ်တွေမလာအောင် တားထားတယ်” ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ဟာ တိမ်တွေ၊ နှင်းတွေ အခိုးခံရမှုနဲ့ ကြုံနေရပါတယ်’ ဟု အီရန်နိုင်ငံမှ လွဲလျှင် အာဖဂန်နစ္စတန်နှင့် မြေထဲပင်လယ်ဒေသရှိ အမြင့်ပေ ၂၂၀၀ ရှိသော တောင်တန်းများတွင် နှင်းများရှိနေသည်ဟု ပြသထားသော စစ်တမ်းကို ကိုးကားလျက် ၎င်းက ဆိုသည်။

“သူ့မှာ ကျွန်တော်မသိတဲ့ စာရွက်စာတမ်းအထောက်အထားတွေ ရှိချင်ရှိမယ်။ ဒါပေမယ့် မိုးလေဝသရဲ့ သဘောတရားအရပြောရရင် တိမ်တွေ၊ နှင်းတွေကို တခြားနိုင်ငံတစ်နိုင်ငံက ခိုးလို့ရတယ်ဆိုတာမျိုး မရှိဘူး” ဟု အီရန်နိုင်ငံ၏ မိုးလေဝသ ဌာနအကြီးအကဲ အဟက်ဒ် ဗက်ဇိုင်က ပြောသည်။

‘အီရန်နိုင်ငံက ကာလရှည် မိုးခေါင်နေတာပါ။ ဒါက အီရန်တစ်နိုင်ငံတည်းဖြစ်တာမဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာပါ” ဟု ၎င်းက ဆိုသည်။

“ဒီလိုမေးခွန်းတွေ ထုတ်နေတာဟာ ပြဿနာကို ဖြေရှင်းပေးမှာမဟုတ်ပါဘူး။ တကယ့်အဖြေကို မတွေ့အောင် တားနေသလိုတောင် ဖြစ်နေပါဦးမယ်” ဟု ဗက်ဇိုင်က ဆိုသည်။

သမ္မတဟောင်း မိုဟာမက် အာမက်ဒီနီဂျက်ကလည်း အနောက်နိုင်ငံများသည် အီရန်ကို မိုးခေါင်အောင် လုပ်ခဲ့ကြသည်ဟု စွပ်စွဲခဲ့ဖူးသည်။

Source: Metro

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.