Advertisements

မော်လမြိုင်၊ ဇွန်၂၁

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို မွန်ပြည်နယ် အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ် ၉ ဦးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားသည့် ကိစ္စနှင့် ပတ်သတ်၍ တစ်စုံတရာ မှတ်ချက်ပေး ပြောစရာ မလိုကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကို တင်ဒါလုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ လုပ်ကိုင် ဆောင်ရွက်ခဲ့သည်ဟုဆိုကာ အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ် ၉ ဦးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားခြင်း ဖြစ်သည်။

Advertisements
data-language="en"

“ဘာမှ ပြောစရာမလိုဘူး။ ဘာမှ မပြောဘူး”ဟု ဒေါက်တာအေးဇံက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဇွန်လ ၂၁ ရက်နေ့က မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာတွင် လူထုတွေ့ဆုံပွဲ အပြီးတွင် အဂတိကော်မရှင်ထံ တိုင်ကြားခံရသည့်ကိစ္စနှင့် ပတ်သက်၍ သတင်းမီဒီယာများက မေးမြန်းရာမှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ယင်းကဲ့သို့ ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် မီနီဘတ်ဂျတ် (၆)လ ဘဏ္ဍာရေးနှစ်တွင် အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းကို ကျပ်သန်း (၁၀၀၀) ဖြင့် တင်ဒါမခေါ်ဘဲ Bedok ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့သည့် ကိစ္စနှင့် ကျိုက်ထီးရိုး ဘုရားတောင်ပေါ်ရှိ အမှိုက်ဖျက်ဆီးမည့်စက်နှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ လွဲမှားစွာ ဆောင်ရွက်ထားသည့်ကိစ္စများကြောင့် ဇွန်လ ၁၈ ရက်က မွန်ပြည်နယ်ရှိ အရပ်ဖက်လူမှုအဖွဲ့ အစည်းအချို့က ရန်ကုန်မြို့ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၏ မေးခွန်းကို ဝန်ကြီးချုပ်နှင့် ဝန်ကြီးတို့က ဥပဒေလုပ်ထုံးလုပ်နည်း လွဲမှားစွာ ဖြေကြားထားသည့်အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်လည်း ငြိစွမ်းနေသည့်အတွက် တိုင်ကြားထားခြင်းဖြစ်ကြောင်းကို ရေးမြို့နယ် အခြေစိုက် ရေတော်ဝင်းသတင်းလွှာ အယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်းက ပြောသည်။

ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေစဉ်ကာလအတွင်း ဒီမိုကရေစီစံနှုန်းနှင့် သွေဖီနေသည့် လုပ်ရပ်များနှင့် ဥပဒေအထက်မှာ ကျုးလွန်နေသည့် ယူဆချက်များကို အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်များ သိရှိနိုင်စေရန် တင်ပြထားပြီးဖြစ်သောကြောင့် လိုအပ်သလို စိစစ်အရေး ယူပေးရန် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အောင်သပြေ-နှစ်ကရင်လမ်းကို တင်ဒါမခေါ်ပဲ Southern Myanmar Development Co,Ltd (SMD) ကုမ္ပဏီကို ပေးခဲ့သည့်ကိစ္စသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကိုယ်တိုင် ဆုံးဖြတ်ခဲ့ပြီး ယင်းကိစ္စရပ်များကို ဝန်ကြီးချုပ်ကိုယ်တိုင်ဖြေရှင်းရန် မိမိအားပြောဆိုထားကြောင်းကိုး မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန်က ပြောဆိုထားသည်။

အဆိုပါ အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းကို ကွန်ကရစ်နှင့် ကတ္တရာလမ်းခင်း ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျတ်ကျပ်သန်း (၇၅၇) ကို တင်ပြထားလျက်ရှိပြီး ယင်းတင်ပြထား သော ဘတ်ဂျတ်ကို ပြည်နယ်ရန်ပုံငွေဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်မည့် စီမံကိန်းများတွင် အသုံးပြုမည့် ငွေလုံးငွေရင်းအသုံစရိတ်မှာ ထည့်သွင်း ဆောင်ရွက်ထားခြင်းဖြစ်သည်။

အောင်မြတ်

Leave a Reply