ဒီရက်သတ္တပတ်အတွင်း ရင့်နင့်စဖွယ်ဖတ်ရတဲ့သတင်းတွေထဲမှာမြန်မာနိုင်ငံရဲ့နေရာအတော်များများမှာသက်ငယ်မုဒိမ်းမှု ဖြစ်စဉ်တွေခပ်စိတ်စိတ် ဖြစ်ပွားလာတာကို ကြားနေရတယ်။ ဒီကိစ္စကိုကျင်းပဆဲဖြစ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာအဆိုတစ်ရပ် တင်တွင်းရန်လည်းလွှတ်တော် အမတ်များကစီစဉ်နေကြပေသည်။

editor-copy

ဒါအပြင် NLD အစိုးရသစ် လက်ထက်မှာဒေါ်လာဈေးလည်းဆက်တိုက် မြင့်တက်လာနေပြီး နိုဝင်ဘာလ ၁၇ ရက်နေ့ကဒေါ်လာဈေး ၁၃၀ဝ ကျပ် ခုန်တက်သွားသည်။

ဤနှုန်းမှာ ပြီးခဲ့သည့် ဦးသိန်းစိန်းအစိုးရလက်ထက် အမြင့်ဆုံးဒေါ်လာဈေးကိုရောက်ရှိသွားခြင်းလည်း ဖြစ်သည်။

ယခင် ဦးသိန်းစိန် အစိုးရလက်ထက်မှာရွှေဈေးသည် ၆ သိန်းနှင့် ၇ သိန်းကြားတွင် ဈေးကစားခဲ့ပြီးယခု NLD အစိုးရသစ်လက်ထက်၌ရွှေဈေးသည်လည်းအမြင့်ဆုံးစံချိန်သို့ မြင့်တက်ခဲ့ပြီး ၈ သိန်းခွဲသို့ပင် ရောက်ရှိခဲ့သည်။

ငွေကြေးဖောင်းပွမှုနှုန်းထားသည်လည်း မြင့်တက်လာနေကြောင်းနှင့် ၎င်းအားထိန်းချုပ်နိုင်ရန် နည်းလမ်းများရှာဖွေနေကြောင်းအစိုးရတာဝန်ရှိသူများကထုတ်ဖော် ပြောကြားလာခဲ့သည်။

ပြည်သူလူထု၏ အခြေခံလိုအပ်ချက် ကုန်ဈေးနှုန်းသည်လည်းတရိပ်ရိပ် တက်လာနေပြီးထိန်းချုပ် နိုင်မလား၊ ထိန်းချုပ်ရန် နည်းလမ်း ရှိမရှိ လွှတ်တော် အမတ်၏ အမေးကိုအဖြေခတ်ခဲ့သဖြင့် ပြည်သူများထောပနာ ပြုသည့် သတင်းသည်လည်းလူကြိုက်များခဲ့သည်။ ဤရက်ပိုင်းအတွင်းလူကြိုက်များသည့် သတင်းတစ်ပုဒ် ထဲတွင် မယား ဖြစ်သူအားလုပ်အားခတစ်ရက် (၂၅၀ဝ) မအပ်နိုင်၍ မိမိကိုယ်အားအဆုံးစီရင် လိုက်သည့် သူတစ်ဦးအကြောင်းလည်းပါဝင် ပေသည်။

တိုင်းပြည်၏ ပင်မထုတ်ကုန် ဖြစ်သည့် စပါးမှာဈေးကျ၍ တောင်သူများအခက်ကြုံနေရသည်။ ဤရက်ပိုင်းများအတွင်းပင် စပါးဈေးကျ၍ ရန်ကုန်မြို့တော် ခန်းမရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြသူလယ်သမားတဦးလည်းအမှုဖွင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။

ဤဖြစ်ရပ် များကိုထောက်ရှူ့ပါကတိုင်းပြည်၏ စီးပွားရေးသည် တက်ရိပ်ထက် ကျရိပ် ပိုပြနေသလားဟုသင် သုံးသပ် စရာ ဖြစ်လာပေသည်။

တဖက်၌လည်းစားပွဲပေါ်တွင် ညှိနှိုင်းအဆင်ပြေနေသည်ဟုဆိုသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုင်ရာများ၊ တနိုင်ငံလုံးအပစ်ရပ် လက်မှတ်ထိုးရေးဆိုင်မှာများတို့သည် ပကတိမြေပြင်တွင် တိုက်ပွဲနှင့် မတည်ငြိမ်မှုများကသာ ကြီးစိုးနေဆဲဖြစ်သည်။ ရခိုင်တွင် တကျော့ ပြန်လည် ဖြစ်ပွားလာသည့် မငြိမ်သက်မှု သည်လည်းအဆိုးရွားဆုံးအုံကြွှမှု ဖြစ်ကာတပ်မတော်သားများ ၊ ရဲများ ၊ အဆင့်မြင့်အရာရှိများအသက်ပေးရသည် အထိ ပြင်းထန် လာခဲ့သည်။

တိုင်းပြည် အားကောင်းစေရန် မောင်းနှင် ပေးမည့် ပင်မမဏ္ဍိုင် နှစ်ခု ဖြစ်သည့် နိုင်ငံရေး ကဏ္ဍနှင့် စီးပွားရေးကဏ္ဍသည် အားရကျေနပ်စရာ မရှိသေးသောအခြေအနေ ၌သာ ရှိနေသေးသည်။

မဲဆန္ဒရှင် ပြည်သူများကNLD အစိုးရအား ရွေးချယ် ခဲ့သည့် မျှော်လင့်ချက်သည် တိုင်းပြည် ပြန်လည် တည်ဆောက်ရေး Nation Building ၌ ပိုမိုအားကောင်းလာမည့် မျှော်လင့်ချက်နှင့် ပြည်သူများ၏ လူမှု၊ စီးပွားနှင့် တရားဥပဒေစိုးမိုးရေး၊ ပုဂ္ဂလိကလုံခြုံရေးကဏ္ဍတို့တွင် ပိုမိုအားကောင်းလာရန် များစွာမျှော်လင့် ထားခဲ့ပါသည်။

ပကတိ အရှိတရား၌ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာကဏ္ဍတွင် ဖြစ်နေသည့် “အရှိတရား” ကိုမှန်မှန် ကန်ကန် သုံးသပ်၍ ပြည်သူမျှော်လင့်ထားသောမျှော်လင့်ချက် ပြည့်ဝစေရန် ဖြည့်စွမ်းပေးရန်မှာ ပြည်သူက ရွေးချယ် ထားသောအစိုးရ၌ တာဝန်အပြည့် ရှိပါကြောင်း …………………….

(အယ်ဒီတာအဖွဲ့)

Leave a Reply