“တိုင်းရင်းသားတွေက ငြိမ်းချမ်းရေးကို လိုချင်တယ်”

“၂၁ ရာစု ပင်လုံညီလာခံတက်ခဲ့တဲ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ သုံးသပ်ရမယ်ဆိုရင် ညီလာခံမှာ ပါဝင်သင့်တဲ့သူတွေ အဖွဲ့အစည်းတွေအားလုံး မပါဝင်နိုင်ခဲ့ဘူး”ဟု မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယိတမက ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက NCA လက်မှတ်မထိုးထားသည့်အတွက် အထူးဖိတ်ကြားခံရသူ အဖြစ် ဖိတ်ကြားခံရပြီး ကိုယ်စားလှယ်အနေနှင့် ဖိတ်ကြားမခံရသည့်အတွက် ဆွေးနွေးခွင့်မရှိခဲ့သည့်အပြင် NCA အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကိုလည်း ကရင်၊ ပအိုဝ်’၊ ချင်း၊ တနင်္သာရီ၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းသာ ဒေသအလိုက်ဆွေးနွေးပွဲများပြုလုပ်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဒီဒေသ ၆ ခုက ညီလာခံမှာ တင်ပြသွားတဲ့အဆိုပြုချက်တွေက တစ်နိင်ငံလုးံမှာရှိတဲ့ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကို ကိုယ်စားမပြုနိုင်ဘူး။ နောတ်တစ်ခါ ဆုံးဖြတ်ချက်ချမှတ်တဲ့လုပ်ငန်းစဉ်တွေက နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာ မူဘောင်တွေနဲ့လွဲမှားနေတယ်”ဟု နိုင်လယီတမက ပြောသည်။

မူဘောင်အရဆိုလျှင် ညီလာခံတွင် ပါဝင်သည့်အစုအဖွဲ့ ၄ ဖွဲ့ဖြစ်သည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီများသည် အစုအဖွဲ့တစ်ခုချင်းစီ၏ ဆွေးနွေးဆုံးဖြတ်ပြီး သဘောတူညီချက်များ ချမှတ်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အစုအဖွဲ့တစ်ခုချင်းစီက သဘောတူညီချက်တွေချမှတ်မယ်၊ အစုအဖွဲ့အားလုံးရဲ့ သဘောတူညီချက်တွေ သဘောကွဲလွဲချက်တွေ စုစည်းပြီး ညီလာခံကိုတင်ပြ? ညီလာခံက ဆွေးနွေးဆုံးဖြတ်ရမယ်”ဟု ၎င်းက ပြောသည်။

မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက” လက်တွေ့မှာတော့ အင်မတန်တင်းကြပ်တဲ့အချိန် အကန့်အသတ်ကြောင့် နိုင်ငံရေးပါတီအစုအဖွဲ့က သဘောတူညီချက်မချမှတ်နိုင်ခဲ့ဘူး။ အခြားအစုအဖွဲ့ ၃ ဖွဲ့ရဲ့ သဘောတူညီချက်ကိုပဲ စုစည်းပြီး ပြည်ထောင်စုစာချုပ် ချုပ်ဆိုလိုက်တယ်။ နိင်ငံရေးပါတီအစုအဖွဲ့ရဲ့သဘောထား ပါမသွားဘူး”ဟု ပြောသည်။

“ကိုယ်စားလှယ်စုဖွဲ့မှုပုံစံကလည်း တန်းတူမှုမရှိဘူး။ ပြည်ထောင်စုစာချုပ်ချုပ်လိုက်တဲ့ လုပ်ငန်းစဉ်ကလည်း တရားမျှတမှုမရှိဘူး။ အဲဒီတော့ ငြိမ်းချမ်းရေးကို ဒီအတိုငိးဆက်သွားနေမယ်ဆိုရင် နှစ် ၇၀ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိင်မှမဟုတ်ဘူး”ဟု နိုင်လယီတမက ပြောသည်။

စစ်မှန်သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် လက်ရှိပြုလုပ်ကျင်းပနေသည့် ၂၁ ရာစုပင်လုံညီလာခံတွင် ပါဝင်သင့်သည့်သူများနှင့် အဖွဲ့အစည်းများအားလုံး ပါဝင်ရန် လိုအပ်ကြောင်း အဆိုပါဝင်သင့်သည့်သူများနှင့် အဖွဲ့အစည်းများ ပါဝင်လာစေရန် အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကြေညာပေးရန်နှင့် ထိုးစစ်များ ရပ်တန့်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“တိုင်းရင်းသားတွေကတော့ငြိမ်းချမ်းရေးကိုလိုချင်တယ်။ ငြိမ်းချမ်းရေးရဖို့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုပေးဖို့လိုတယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင် ဖို့ နောင်ကျင်းပမယ့် ညီလာခံမှာ အားလုံးပါဝင်ပြီး တန်းတူညီတူအပြန်အလှန် အသိအမှတ်ပြုကြပြီးတော့ ငြိမ်းချမ်းရေးရအောင်တည်ဆောက်ကြမယ်ဆိုတဲ့သံန္နိဋ္ဌာန်နဲ့ ဆွေးနွေးကြစေချင်တယ်”ဟု နိုင်လယီတမက ပြောသည်။

Written by – ရွှေရိုး

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.