မော်လမြိုင်၊ မတ်လ ၁၉ ။ ။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား ဘာသာစကားများ နှင့် ပတ်သက််ပြီး ပြည်ထောင်စုအဆင့်တွင် မှုဝါဒ တိတိ ကျကျ ယနေ့အချိန်ထိ မရှိသေးကြောင်း မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောကြားသည်။

RRR

မော်လမြိုင်မြို့၊ ကမ်းနားလမ်းဟိုတယ်တွင် မတ်လ ၁၉ ရက်နေ့က ကျင်းပပြုလုပ်သည့် မွန်ပြည်နယ် ဘာသာ စကား မူဝါဒ ပေါ်ထွက်လာရေး ပူးပေါင်းဆောင်ရွက်ခြင်း ညှိနှိုင်းတိုင်ပင် ဆွေးနွေးပွဲတွင် ၎င်းက ပြော ကြားခဲ့ခြင်းဖြစ် သည်။

“တိုင်းရင်းသားတွေရဲ့ဘာသာစကားဆိုတာ အပြောဘာသာစကားရှိတယ်၊ အရေးဘာသာစကားရှိတယ် ဒီနှစ်ခုအတွက်ကို ပြည်ထောင်စုအဆင့်မှာ ဒါနဲ့ပတ်သက်သည့်မူဝါဒ တိတိကျကျ ဒီနေ့အထိဘာမှ မရှိသေးဘူး ဥပဒေထုတ်ထားတယ် ဆိုပေမယ့် အကောင်အထည်ပေါ်မလာဘူး”ဟု ဒေါက်တာမင်းနွယ်စိုးက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အခြေခံပညာကျောင်းများတွင် ကလေးများ၏ အတွေးအခေါ်၊ ယဉ်ကျေးမှုကို သင်ကြား ပေးမှု အားနည်းသည့် အတွက်ကြောင့် မြန်မာနိုင်ငံ ပညာရေးစနစ် ကျဆင်းသွားကြောင်း ယူနီဆက်ဖ်အဖွဲ့မှ တာဝန်ခံ ဦးသက်နိုင်က ပြောသည်။

“ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာသည့်အတွက် တိုင်းရင်းသားအရေးကိုလည်း ဦးစားပေးလာတယ်၊ အခွင့်အရေး အများကြီးရှိလာတယ်၊ ပညာရေးဝန်ကြီးတွေ လည်းပြောင်းတော့မယ်၊ ပညာရေး မူဝါဒတွေ လည်း ပြောင်း တော့ မယ် အဲဒီအချိန်မှာ အခွင့်ကောင်းယူပြီးတော့ တိုင်းရင်းသားတွေရဲ့အသံတွေ ပါဝင်လာအောင် ကူညီတာ ပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး များပြားသည့်အတွက် တိုင်းရင်းသားဘာသာစကားကို ထည့်သွင်း သင်ကြားပေးပြီး နိုင်ငံခြားဘာသာစကားနှင့် ဆက်စပ်သင်ကြားပေးရင် ကလေးများ သင်ယူနိုင်မှု ပိုမိုမြန် ဆန်ကာ မြန်မာနိုင်ငံပညာရေးစနစ် အကျိုးသက်ရောက်မှုများစွာ ဖြစ်စေနိုင်ကြောင်း Care Myanmar အဖွဲ့တွင် ပညာရေးပေါ်လစီနှင့် ပတ်သက်ပြီး အတိုင်ပင်ခံအနေနှင့် တာဝန်ယူထားသော University of Melbourne မှ ဘာသာစကားနှင့် စာပေဘာသာရပ်မှ ပါမောက္ခ Dr Joseph Lo Bianco က ပြောဆိုသည်။

အဆိုပါ အခမ်းအနားကို မွန်ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံးနှင့် ကုလသမဂ္ဂကလေးများဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့ (UNICEF)တို့ပူးပေါင်းပြီး ပြုလုပ်ခဲ့သည်။

Leave a Reply