တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုဖိုရမ် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ထားဝယ်၊ ဇူလိုင် ၂၅

တနင်္သာရီတိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် ပထမဆုံးအကြိမ်ရင်းနှီးမြှပ်နှံမှုဖိုရမ်အား မြိတ်မြို့၌ အောက် တိုဘာလ ၁၉ရက် နှင့်၂၀ရက်နေ့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးဒေါ်သန်းသန်းနုက ပြောကြားသည်။

“နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒီကလုပ်ငန်းရှင်နဲ့ချိတ်ဆက်ပေးမယ့် ပွဲလည်းဖြစ်တယ်”ဟု ဒေါ်သန်းသန်းနု က ဆိုသည်။

ယင်းဖိုရမ်သို့ လာမည်နိုင်ငံခြားသားများက SMEလုပ်ငန်းရှင်များတွင် နည်းပညာ/စက်ကိရိယာမရှိပါက လိုအပ်လျင် နည်းပညာ/စက်ကိရိယာတို့ကို ပံ့ပိုးပေးသွားမည်ဟု ၎င်းက ပြောသည်။

တိုင်းဒေသကြီးအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့ အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ သတ္တု တူးဖော်ရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍများ ဘက်ညီစွာတိုးတက်လာစေရန်ရည်ရွယ်၍ယင်းဖိုရမ်ကိုကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းတနင်္သာရီတိုင်းဒေသ ကြီးဝ်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။

ဖိုရမ်ကျင်းပနိုင်ရေးအတွက် ကဏ္ဍာအလိုက်လုပ်ငန်းကော်မတီများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သက် ဆိုင်ရာဝန်ကြီးများက ဥက္ကဌ၊ သက်ဆိုင်ရာတိုင်း အဆင့်ဌာနမှ တာဝန်ရှိသူများက အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်းဖိုရမ်သို့ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊တိုင်းအတွင်းရှိရင်းနှီးမြှပ်နှံသူစီးပွား ရေး လုပ်ငန်းရှင်များတက်ရောက်မည်ဖြစ်ပြီး ရေလုပ်ငန်း၊ ပုဇွန်မွေးမြူရေးလုပ်ငန်းပြခန်းများလည်း ပြသသွား မည်ဟု သိရသည်။

တိုင်းအတွင်းသို့ ရင်းနှီးမြှပ်မှုများ ပိုမိုဝင်ရောက်ရန် ဟန်တားဖြစ်နေသည့်အချက်များမှာ ဌာနဆိုင်ရာနှင့် ပတ် သက်သည့်ကိစ္စများလုပ်ဆောင်စဉ်ကြန့်ကြာမှုများရှိကြောင်း၊အထူးသဖြင့်မြေယာကိစ္စဖြစ်ကြောင်းဒုတိယတိုင်းဦးစီးမှူးဒေါ်သန်းသန်းနု ကပြောသည်။

ယမန်နှစ်က ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှပ်နှံမှုဖိုရမ်အား ကျင်းပပြုလုပ်ခဲ့သည်။

တင့်လွင်

သတင်းဓါတ်ပုံ – Tanintharyi Region

Leave a Reply