Advertisements

မော်လမြိုင်ကျွန်း၊ အောက်တိုဘာ ၁၁ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် သြဂုတ်လအတွင်း စီးပွားဖြစ်စိုက်ပျိုးခဲ့ သည့် ကောက်ရိုးမှိုများ ၂၀၁၇ ခုနှစ်အတွင်း အမြင့်ဆုံးဈေးရရှိခဲ့သဖြင့် အောက်တိုဘာလ ဒုတိယပတ်တွင် ထပ်မံ စိုက်ပျိုးရန် ပြင်ဆင်နေကြကြောင်း ဒေသတွင်း မှိုစိုက်ပျိုးသူများထံမှ သိရှိရသည်။

”ဇွန်၊ ဇူလှိုင်လတွေက စိုက်ခဲ့တဲ့ မှိုတွေကို ခူးစွတ်ရောင်းလို့ အားလုံးနီးပါးကုန်သလောက်ဖြစ်နေပါပြီ။ မှိုကို စိုက် တာ တစ်ခါမှ အခုဈေးလောက် မရောင်းရခဲ့ပါဘူး။ အခုနှစ် မှိုဈေးကအမြင့်ဆုံးဈေးပါပဲ။ အရင်နှစ်တွေက လေးထောင်၊ ငါးထောင်ပဲ ရတယ်။

ဒီနှစ်ဈေးလေးကလည်း ကောင်း အပျက်အစီးအလေ့အလွှင့်ကလည်း မရှိ တော့ ထပ်စိုက်ဖို့လုပ်နေတာဖြစ်ပါတယ်။ မှိုတွေကိုတော့ မြို့မှာ အဝယ်ပွဲရုံရှိတယ်။ အဲမှှာပဲ ရောင်းပါတယ်။”ဟု ကံစုလေးကျေးရွာမှ မှိုစိုက်သူ ဦးမင်းနောင်မိုးက ပြောသည်။

ကောက်ရိုးမှိုများကို အိမ်စားသုံးမှုအပြင် ဟိုတယ်၊ စားသောက်ဆိုင်များမှ အဓိကဝယ်ယူကြပြီး ယခင်နှစ်များက တစ်ပိဿာလျှင် ကျပ်ငါးထောင်အထိသာ အမြင့်ဆုံးရောင်းချခဲ့ရသော်လည်း ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း တစ်ပိဿာလျှင် ကျပ်ရှစ်ထောင်အထိ ရရှိခဲ့ကြောင်း သိရသည်။

”ဒီဘက်မှာထွက်တဲ့ မှိုတွေကို စားသုံးသူတွေကလည်း အရမ်းကြိုက်ပါတယ်။ မှိုဈေးကလည်း အခုနှစ်အမြင့်ဆုံး ဈေးနဲ့ တောက်လျှောက်အရောင်းအဝယ်ဖြစ်နေတော့ စိုက်ပျိုးသူတွေအဖို့ အခွင့်လမ်းတွေ ကောင်းပါတယ်။ ဒါ ကြောင့်လည်း လက်ရှိဆောင်းတက်ကာလကို စိုက်ဖို့ပြင်ဆင်နေကြတာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ဝယ်ယူ ထားတဲ့ မှိုတွေကို ရန်ကုန်ကို အိတ်နဲ့ စနစ်တကျ ထုတ်ပိုးပြီး ပြန်တင်ပို့ရောင်းချပါတယ်။ လက်ရှိ အောက်တိုဘာ လဆန်းအချိန်အထိ မှိုဈေးကောင်းနေဆဲပါ”ဟု မော်လမြိုင်ကျွန်းမြို့ပေါ်မှ မှိုပွဲရုံပိုင်ရှင် ဦးဇော်ဝင်းက ပြောသည်။

ကောက်ရိုးမှိုများကို သစ်တိုဆိပ်၊ ပုလွန်စာ၊ အလယ်ရေကျော်၊ ကံစုလေး၊ တံခွန်တိုင်၊ ဝက်ကွင်း၊ ဖွတ်တစ်လွှတ်၊ သရက်ချောင်းစသည့် ကျေးရွာများမှ အများဆုံး စိုက်ပျိုးလျက်ရှိပြီး တစ်အိမ်ထောင်လျှင် တစ်ဧကမှ တစ်ဧကခွဲ အထိ စိုက်ပျိုးကြကြောင်း သိရသည်။

 

Advertisements
<

Leave a Reply