တိုကျို၊ ဧပြီ ၂၁
Uber ကားအငှားဝန်ဆောင်မှုကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကို ဂျပန်ကားကုမ္ပဏီတစ်ချို့နဲ့ ပူးတွဲပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
ဂျပန် နာမည်ကျော် ကားကုမ္ပဏီ တိုယိုတာနဲ့ ကားစက်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီ ဒန်ဆိုတို့ကလည်း အမေရိကန်ဒေါ်လာသန်းပေါင်း ၆၆၇သန်းကျော်ကို Uber နဲ့တူတူ ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီရင်းနှီးမြှုပ်နှံမှု အစုအဖွဲ့မှာ SoftBank ကလည်း အမေရိကန်ဒေါ်လာ ၃၃၃သန်း ပါဝင်ထားပြီးတော့ မကြာသေးခင်က Uberရှယ်ယာ သန်း ၅၀၀ဖိုးကို တိုယိုတာက ဝယ်ယူခဲ့သေးတယ်လို့လည်း သိရပါတယ်။
ဒီရင်းနှီးမြှုပ်နှံမှု အစုအဖွဲ့ကိုတော့ နိုင်ငံတကာ ကြီးကြပ်ရေးအဖွဲ့ဖြစ်တဲ့ ATG အမည်ရ နည်းပညာ အသုံးပြုတဲ့ အဖွဲ့က အမေရိကန်ဒေါ်လာ ၇သန်းကျော်အသုံးပြုပြီး ကိုယ်ပိုင် ဘုတ်အဖွဲ့ကို တည်ထောင်ပြီး ကြီးကြပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Uber ရဲ့ကိုယ်စားပြုအဖြစ် ဆန်ဖရန်စ္စကိုရုံးချုပ်က စီအီးအို ဒါရာကိုဝိုရှာရှီက ပါဝင်မှာဖြစ်ပြီးတော့ ATGဦးဆောင်သူ အဲရစ်မေဟိုဖာခ်က ကွပ်ကဲမယ်လို့ သိရပါသေးတယ်။
Uber ရဲ့ ရင်းနှီးမြှုပ်နှံမှုခြေလှမ်းသစ်ဟာ ပြိုင်ဘက် Lyft ကုမ္ပဏီကို ကျော်တက်သွားနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှု ကြောင့် Lyft ကုမ္ပဏီမှာ အရှုံအချို့နဲ့ ရင်ဆိုင်နေရတယ်လို့ စျေးကွက်သုံးသပ်သူတွေက ပြောပါတယ်။
ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုအစုအဖွဲ့မှာ အင်အားကြီးကုမ္ပဏီတွေစုနေတာကြောင့် ရှယ်ယာတွေကို မထိန်းထားနိုင်ရင် Uberအနေနဲ့ စျေးကွက်တိုးချဲ့အားပြိုင်မှုမှာ အကြီးအကျယ်အားစိုက် ယှဉ်ပြိုင်ရဖွယ်ရှိနေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
Ref: CNBC