မော်လမြိုင် မတ် ၁

ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ် (၇) ရပ်ကွက်တွင် ဧပြီ ၃၀ ရက်နေ့က တူမီးသေနတ်ကိုင်ဆောင် ရမ်းကားနေသော အမျိုးသားတစ်ဦးကို ကော့ကရိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖုန်းဆက် အကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စုံစမ်းခဲ့ရာ ကင်းရန်ဆိုသူမှာ အရက်သေစာ သောက်စားမူးယစ်ပြီး ပြောင်း အရှည်  ၃ ပေ ၅ လက်မခန့်ရှိ လက်လုပ် တူမီးသေနတ် တစ်လက်ကို ကိုင်ဆောင် ရမ်းကားနေသည်ကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကော့ကရိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး ထူးအောင်ရွှေက ပြောသည်။

သို့ဖြစ်၍ ကင်းရန်(၃၇ နှစ် ၊ ယင်းရပ်ကွက်နေသူ)ကို ကော့ကရိတ်မြို့မရဲစခန်းတွင် (ပ) ၁၅၈/ ၂၀၁၉ ၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ) အရ အမှုဖွင့် ဖမ်းဆီးထားကြောင်း ၎င်းက ဆိုသည်။

ကေအမ်

 

Leave a Reply