Advertisements

ဆိုးလ် ဧပြီ ၄

တောင်ကိုရီးယားနိုင်ငံတွင် ပထမဦးဆုံးသော 5Gအင်တာနက်ကွန်ယက်ကို ဧပြီလ ၅ရက်တွင် စတင်အသုံးပြုတော့မည်ဖြစ်သည်။

အဆိုပါ 5Gအင်တာနက်ကွန်ယက်စနစ်သည် ကမ္ဘာ့ပထမဆုံးအသုံးပြုခြင်းဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ဆက်သွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ဧပြီလ၅ရက်နေ့မှ စတင်ကာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်နက်အသုံးပြုနိုင်မည်ဖြစ်ပြီး အများပြည်သူ နေ့စဉ်အသုံးပြုနေသည့် ပေါင်မုန့်မီးကင်စက်၊ တယ်လီဖုန်းမှစကာ လျှပ်စစ်ကားများအထိ ဓါတ်အားလိုင်းများကိုပါ ထိန်းချုပ် စီမံကွပ်ကဲနိုင်မည်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသည် ဟွာဝေးအပါအဝင် အခြား ကုမ္ပဏီပေါင်းများစွာတို့၏ 5Gဝန်ဆောင်မှုပေးရန် ကမ်းလှမ်းမှုကို ငြင်းပယ်ကာ ကိုယ်ပိုင် 5Gကွန်ယက်ကို စတင်လွှင့်ပေးနိုင်ခြင်းလည်းဖြစ်သည်။

ဈေးကွက်တွင်း ယှဉ်ပြိုင်မှုများနှင့် ကြုံတွေ့ရသော်လည်း ပထမဆုံး 5Gကွန်ယက်အသုံးပြုသည့် နိုင်ငံဖြစ်လာသည့်အတွက် ဈေးကွက်ထိုးဖောက်မှုတွင်နေရာရခဲ့သည်။တောင်ကိုရီးယားက လက်ရှိအသုံးပြုနေသည့် 5Gကွန်ယက်သည် ယခင်က အသုံးပြုခဲ့သည့် 4G ကွန်ယက်ထက် အဆ ၂၀ကျော်ပိုမြန်ပြီး ဒေတာများကိုလည်း စက္ကန့်ပိုင်းအတွင်း လွှဲပြောင်းကူးယူနိုင်သည်။

ထို့အပြင် မောင်းသူမဲ့ ယာဉ်များအထိ အင်တာနက်ကွန်ရက်ဖြင့် စီမံကွပ်ကဲနိုင်သဖြင့် နည်းပညာဖွံ့ဖြိုးမှုတွင် ဦးဆောင်လာနိုင်တော့မည်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသည် လက်ရှိကမ္ဘာတွင် တတိယ စီးပွားရေးဖွံ့ဖြိုးဆုံးနေရာတွင် ရပ်တည်နေပြီး 5Gကွန်ယက်၏ စွမ်းဆောင်မှုဖြင့် လာမည့် ၂၀၃၄တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၆၀၀ကျော်အထိ အကျိုးရရှိမည်ဖြစ်ကြောင်း လန်ဒန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ မိုဘိုင်းဆက်သွယ်ရေးအဖွဲ့ GSMက ခန့်မှန်းချက် ထုတ်ထားသည်။

NHK

 

Advertisements
<

Leave a Reply