Advertisements

မော်စကို ဧပြီ

တောင်ကိုရီးယားကျွန်းဆွယ်ဒေသတွင်း နျူကလီးယားလက်နက်ကင်းစင်ရေးအတွက် ရုရှားအစိုးရအဖွဲ့က ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သမ္မတ ပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမာထရီ ပက်စ်က ဧပြီလ ၂၀ရက်နေ့က ပြောဆိုခဲ့သည်။

ရုရှား-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးပွဲကို လာမည့်ရက်သတ္တပတ်တွင် ကျင်းပမည်ဖြစ်ပြီး ရုရှားနှင့် ကိုရီးယား နိုင်ငံများကြား သံတမန်ဆက်ဆံရေးအခြေအနေမှာ အပြေလည်ဆုံးအနေအထားသို့ ရောက်ရှိနေ ကြောင်း ဒီမာထရီးကပြောသည်။

ကိုရီးယားနှင့် ရုရှား နှစ်နိုင်ငံခေါင်းဆောင်များက နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်မည့် ကိစ္စရပ်များနှင့် ကိုရီးယား ကျွန်းဆွယ် ဒေသအတွင်း နျူကလီးယားလက်နက်ကင်းစင် ပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များကို အဆိုပါထိပ်သီး အစည်းအဝေး၌ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

လာမည့် ဧပြီ ၂၄ ရက်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ရုရှားနိုင်ငံ ဗလာဒီဗိုစတော့ခ်မြို့သို့ ရထား ဖြင့် လာရောက်မည်ဖြစ်သည် ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ရုရှားအစိုးရအဖွဲ့က သတင်းကို အတည်ပြုပေးခြင်းမရှိသေးပေ။ သို့သော် မြောက်ကိုရီးယားခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်း အတည်ပြုပေးခဲ့သည်။

ဧပြီ ၂၅ ရက်တွင် ဗလာဒီဗိုစတော့ခ်မြို့ ကျွန်းတစ်ကျွန်း ပေါ်ရှိ တက္ကသိုလ်တစ်ခုတွင် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြ မည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလက တွေ့ဆုံခဲ့သည့် မြောက်ကိုရီးယား အမေရိကန်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးအပြီးတွင် နှစ်နိုင်ငံကြား ဆက်သွယ်မှုအဆင်မပြေဖြစ်ခဲ့ပြီးနောက် ရုရှား၏ ဝင်ရောက်လာမှုသည် အမေရိကန်အပေါ် သြဇာလွှမ်းနိုင်ရန် ခြေလှမ်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောသည်။

သို့သော် ရုရှားအနေနှင့် ယခင်က ထိတွေ့မှုမရှိခဲ့သည့် တောင်၊ မြောက် ကိုရီးယား နှစ်နိုင်ငံကြား ရင်ကြားစေ့ရေးလုပ်ဆောင်နိုင်ရန် အခက်အခဲများ ရှိဦးမည်ဖြစ်ကြောင်း လေ့လာသူများကဆိုသည်။

Ref: NHK

Leave a Reply