ကမ္ဘာကျော် လူမှုကွန်ယက်ကုမ္ပဏီ Facebookဟာ တောင်ကိုရီးယား အချက်အလက်စုဆောင်း သုံးသပ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Rankwaveကို လူမှုကွန်ယက်ရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မေလ ၁၀ရက်မှာ တရားစွဲခဲ့ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်တရားရုံးကနေတစ်ဆင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး နိုင်ငံတကာစည်းမျဉ်းဥပဒေအရ လို့ ဆိုပါတယ်။ Facebook appကချမှတ်ထားတဲ့ စည်းမျဉ်းစံနှုန်းတွေကို ကျော်လွန်ပြီးအချက်အလက်စုဆောင်းတယ်ဆိုတဲ့အချက်ကြောင့် အဓိကထား တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ တရားရေးရာဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဂျစီကာရိုမာရိုကပြောပါတယ်။
Facebookဟာ Rankwaveရဲ့ အချက်အလက်စုဆောင်းပုံတွေ၊ ကြော်ငြာတွေ၊ စျေးကွက်ဆင်းတာတွေကို လေ့လာခဲ့ပြီး တောင်ကိုရီးယားကုမ္ပဏီဟာ ဖေ့ဘွတ်သတ်မှတ်ထားတဲ့ စည်းကမ်းအပြင်ကနေ ဖေ့ဘွတ်ပေါ်မှာ စီးပွားရေးလုပ်နေခဲ့တယ်ဆိုပြီး ပေါ်လွင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ Facebook ဟာ Rankwaveနဲ့ ချိတ်ဆက်နေတဲ့ app တွေ၊ အကောက်တွေကို ရပ်ဆိုင်းထားပြီး၊ သက်သေတွေကို တရားရုံးကနေတစ်ဆင့် တင်ပြသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Rankwaveဘက်ကနေ ဖေ့ဘွတ်ကို ညှိနှိုင်းဖို့ စာတွေပို့ခဲ့ပေမဲ့ လက်ခံခဲ့ခြင်းမရှိဘဲ တရားစွဲဆိုတာကိုလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေက ဆိုပါတယ်။
Rankwave ဟာ ဖေ့ဘွတ်ကိုအသုံးချပြီး အမြတ်ငွေဒေါ်လာသန်းပေါင်းများစွာ ရရှိခဲ့ပေမဲ့ စည်းမျဉ်းတွေကိုတော့ ယခင်အတိုင်းချိုးဖောက်မြဲဖြစ်တာကြောင့် တရားစွဲဆိုရတယ်လို့ Facebook ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တရားစွဲဆိုမှုမှာ အနိုင်ရခဲ့ရင်တော့ ဖေ့ဘွတ်ကုမ္ပဏီဟာ တောင်ကိုရီးယားကုမ္ပဏီဘက်ကနေ ဒေါ်လာ သန်း ၃၀၀၀ ကနေ ၅၀၀၀အထိ လျော်ကြေးငွေရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
Facebook ကုမ္ပဏီဟာ လက်ရှိမှာ ဝန်ထမ်းအသစ် ထောင်ပေါင်းများစွာခန့်ထားပြီး အမုန်းစကားဖြန့်ဝေတာ၊ တရားမဝင်သတင်းတွေဖြန့်တာနဲ့ စည်းမျဉ်းကိုကျော်လွန်ပြီး စီးပွားရှာတာတွေကို စောင့်ကြည့်လျက်ရှိပါတယ်။
Ref: CNA