တောင်တရုတ်ပင်လယ်အတွင်းရှိ ပိ်ုင်ဆိုင်မှုအငြင်းပွားနေသော ကျွန်းများအနီးတွင် တရုတ်တပ်မတော်က စစ်ရေး လေ့ကျင့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

5d0683a6d1f5112b92deeec1ef48e40f copy

မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂခုံရုံးက ဆုံးဖြတ်ချက်မချခင်ရက်ပိုင်းအလိုတွင် ဖိလစ်ပိုင်နိုင်ငံနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသော ရေပိုင်နက်အတွင်း ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်၍ တစ်ပတ်ကြာ စစ်ရေးလေ့ ကျင့်မည်ဖြစ်ကြောင်း တရုတ်က ထုတ်ပြန်ထားသည်။

ထိုသို့ဆုံးဖြတ်ချက်မချခင် ရက်ပိုင်းအလိုတွင် တရုတ်က စစ်ရေးလေ့ကျင့်ရန် ကြေညာခဲ့ခြင်းသည် ကုလသမဂ္ဂ ၏ တည်ရှိနေမှုကို အလေးမထားရာရောက်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းက ပြောသည်။

တရုတ်နိုင်ငံကမူ မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ မည်သည့်ကြားဝင်ဆုံးဖြတ်ချက်ကိုမှ လက်ခံမည်မဟုတ်ဘဲ ဖိလစ်ပိုင်အစိုးရက နိုင်ငံတကာခုံရုံးသို့ တစ်ဘက်သတ်အဆိုတင်သွင်းထားခြင်းဖြစ်ကြောင်း ပြန်လည်ပြောဆို ထားသည်။

“တောင်တရုတ်ပင်လယ်ထဲက ကျွန်းစုတွေဟာ အရင်ကတည်းက တရုတ်နယ်မြေတွေအဖြစ် သတ်မှတ်ထားပြီး သားပါ” ဟု တရုတ်ဝန်ကြီးချုပ် မစ္စတာ Le Keqiangက ပြောသည်။

အာရှ၏ စစ်အင်အားကြီးနိုင်ငံတစ်ခုဖြစ်သော တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း ဧရိယာ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဖိလစ်ပိုင်၊ဗီယက်နမ်၊အင်ဒိုနီးရှားတို့အပြင် ဂျပန်နိုင်ငံနှင့်ပါ အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ယင်းသို့ အငြင်းပွားပြီးနောက် တောင်တရုတ်ပင်လယ်ဒေသတွင်းနိုင်ငံများမှာ စစ်အင်အားများကို ယခင်ထက် ပိုမိုတိုးချဲ့ လာနေပြီး ဗီယက်နမ်နိုင်ငံက ရုရှားနိုင်ငံမှ စစ်လက်နက်ဝယ်ယူရန် ဆွေးနွေးလျက်ရှိကြောင်း နိုင်ငံတကာမီဒီယာများက ဖော်ပြလျက်ရှိသည်။

ထို့အတူ ဖိလစ်ပိုင်နိုင်ငံကလည်း ကာကွယ်ရေးအသုံးစရိတ်ကို ယခင်ထက်ပိုမိုတိုးမြှင့်၍ စစ်အင်အားအတွက် ပြင်ဆင်ထားကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply